Sunday, March 15, 2015




သရက် မတ် ၁၄
       မကွေးတိုင်းဒေသကြီး သရက်မြို့ ပြည်တော်အေးရပ်ကွက် ဒေါ်နီနီ မူကြိုကျောင်းတွင် မွေးနေ့အလှူရှင်  သားသားလေး မောင်သန်းဇော်မင်း(၂)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အဟာရထမင်းနှင့် ပညာဒါန စာအုပ်/ ခဲတံ/ခဲဖျက် လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါ မူကြိုကျောင်းတွင် ပြုလုပ်ခဲ့သည်။
     ရှေ့ဦးစွာ မွေးနေ့အလျူရှင်သားသားလေး မောင်သန်းဇော်မင်းမှ မွေးနေ့ကိတ်အားလှီးပြီး ကျောင်းသား/ကျောင်းသူများအား ကျွေးမွေးခဲ့ပြီး စာအုပ်/ခဲတံ/ခဲဖျက်များအား ကျောင်းသား/ကျောင်းသူများအား  ပေးအပ်လှူဒါန်းရာ ကျောင်းသား /ကျောင်းသူ ကလေးများက ကျန်းမာပျော်ရွှင်ပြီး လိုအင်ဆန္ဒပြည့်ပါစေဟု ဆုတောင်းပေးခဲ့သည်။
  ထို့နောက် မူကြို/ကျောင်းသား/ကျောင်းသူကလေးများအား နံနက်စာ ထမင်းနှင့် ဟင်းလျာများ ကျွေးမွေးပြီး   မူကြိုဆရာမမှ မွေးနေ့အလှူရှင်အား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။
                                                                                                               ဇော်ထက်(သရက်)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video