ဖြစ်စဉ်မှာယင်းနေ့၀၀၃၀အချိန်ယာဉ်မောင်းကျင်ထွေး
မောင်းနှင်လာသောယာဉ်အမှတ် ၅၁/----JAC အမျိုးအစား(၂၂)ဘီး၊ဆီဂါလံ(၉၂၀၀)ဆံ့ယာဉ်သည်
အောက်တိန်းဆီဂါလံ(၉၂၀၀)တင်ဆောင်လာပြီးမြိုင်သာယာကွက်သစ်ရှိ ဇော်ကြီး (ခ) ဖြိုးေ၀၀င်း၏ဆိုင်ရှေ့၌ကားရပ်ပြီး
တင်နိုင်လတ်၊ ဖိုးငြိမ်း၊ ထိန်ဝင်းအောင် ဆီဆိုင်အလုပ်သမား(၃)ဦး တို့သည် ဘောက်ဆာအတွင်းမှပိုက်ဖြင့်ပေပါများအတွင်းဆီထည့်စဉ်ပိုက်၏ထိပ်၌တပ်ထားသောသံခေါင်းနှင့်ပေပါ တို့ခတ်မိပြီးတည်ငြိမ်လျှပ်စစ်ဖြစ်ပေါ်ကာအပူကြောင့် ယင်းနေ့(၀၀၃၀)အချိန်မီးလောင်ကျွမ်း မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ပခုက္ကူမီးသတ်စခန်းမှ မီးသတ်ယာဉ်များ ၊ရေစကြို/မြိုင်/ညောင်ဦးမြို့နယ် တို့မှမီးသတ်ယာဉ်များ၊မြို့ပေါ်မီးသတ်ယာဉ်များ၊ရေကားများ၊သန္ဓေ
နှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ် ဖွဲ့ဝင်များ၊ပြည်သူများစုပေါင်းငြိမ်းသတ်မှုဖြင့်(၀၁၃၀)အချိန်
မီးငြိမ်းရာမီးညွန့်ကျိုးခဲ့ပြီး(၀၂၁၀)အချိန် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရပြီး၊မီးလောင်မှုကြောင့်(၃×၂)ပင်ထရံကာသွပ်မိုးမြေစိုက်အဆောက်အဦး(၄)လုံး၊ ဆီပေပါ(၄၅)လုံးဆုံးရူံးမှုတန်ဘိုးငွေကျပ် (၆၀၀၀၀၀၀ိ/-)ကျပ်ခန့် ဆုံးရူံးခဲ့ရကာ ၄င်းတို့(၃)ဦးအား ပခုက္ကူမြို့မရဲစခန်းမှအမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။
အောင်(မန်းတက္ကသိုလ်)

0 comments:
Post a Comment