Sunday, March 15, 2015


မကွေးတိုင်းဒေသကြီး ယောအရပ်ဒေသရှိ အမျိုးသမီးအများစုသည် ရက်ကန်းရက်လုပ်တတ်ကြပြီး ထိုသို့ရက်လုပ်ကြရာတွင် များသောအားဖြင့် စောင်၊ အဝတ်အထည်ကြမ်းမှအစ နာမည်ကျော် ယောလုံချည်များ ကိုပါ နှစ်လွှာနင်း၊ လေးလွှာနင်း၊ ခြောက်လွှာနင်း၊ ရှစ်လွှာနင်းတို့ဖြင့် ရက်လုပ်ကြသည်များရှိရာ နှစ်လွှာနင်းမှာ ရက်လုပ်မှုအများဆုံးဖြစ်သည်။ 
ရက်လုပ်သည့်လုံချည်၊ ရက်လုပ်သည့်အသား၊ အနား၊ အချိတ်၊ အပြောက်ပုံဖော်ရာတွင် ပညာ၊ ကျွမ်း ကျင်မှုနှင့် သွက်လက်ချက်ချာမှုတို့ ပေါင်းစပ်ရက်လုပ်ကြရသည်ဟုဆိုသည်။ ရောက်စုံချည်များအသုံးပြု၍ အပွင့်၊ အပြောက်၊ အရုပ်လှလှလေးများကို ပုံဖော်ကာရက်လုပ်ကြရသဖြင့်လည်း ရက်ကန်းစင်လုံမပျိုများတို့ သည် ခြေမှာစကား၊ လက်ဖျားမှာ ပန်းနွယ်၊ အလှချယ်သော အနုပညာရှင်များဖြစ်သည် ဟု ဆိုကြသည်။
          ယောအရပ်ဒေသ၌ လူနေအိမ်အများစုတွင် ရက်ကန်းစင်များ တစ်ပိုင် တစ်နိုင် မိသားစုလုပ်ငန်းဖြင့် ရက်လုပ်မှုအများဆုံးမှာ ဂန့်ဂေါမြို့နယ် ပျားကျေးရွာဖြစ်ကြောင်းနှင့် ပျားရွာတွင် ကျားဝတ်၊ မဝတ် နိုင်ငံကျော် ယောလုံချည်ကို အများဆုံးရက်လုပ်ကြကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်မိုးမိုးလှိုင်နှင့် အဖွဲ့ဝင်များသည် မတ် ၁၁ ရက်က အဆိုပါ ပျားကျေးရွာသို့သွားရောက်၍ သဇင်နွယ်၊ ယောမဒီ၊ လက်သည်းစောင်း၊ စီနီယာ စသည့် အဆင်များဖြင့် ယောလုံချည် ရက်လုပ်နေမှုများအား သွားရောက်လေ့လာ အားပေးကြည့်ရှခဲု့ကြပြီး ကိုယ် အင်္ဂါချို့တဲ့သည့် ကျောင်းသား၊ ကျောင်းသူ နှစ်ဦးတို့အား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video