Sunday, March 15, 2015

ပူပြင်းခြောက်သွေ့သော နွေရာသီတွင် မီးဘေးလုံခြုံရေးများအတွက် မကွေးမြို့နယ် စည်ပင် ယာယာရေးကော်မတီနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် သီးသန့်မီးသတ်သင်တန်းဆင်းပွဲ ကို ယနေ့ နံနက်က မကွေးမြို့ မြို့တော်ခန်းမတွင်ပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသားများအတွက် မီးသတ်ဝတ်စုံ အစုံ(၁၀၀)ကိုပေးအပ် လှူဒါန်းပါသည်။ ဆက်လက်ပြီး မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးမှ မကွေးမြို့နယ်အတွင်းမီးဘေးကြိုတင်ကာကွယ်ရေးအတွက် စီမံဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးညွှန့်က သင်တန်းပို့ချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
ယင်းနောက် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရှိ မီးသတ်ရေကန်(၄၇)ကန်ပြုပြင်ရန်နှင့် မီးသတ်ကန်များသို့ ရေပိုက်လိုင်းသွယ်တန်းရန်အတွက် မကွေးမြို့ပေါ်ရှိ ကုမဏီများ၊ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးနေရှင်း၊ တိုင်းရဲတပ်ဖွဲ့မှူး ဦးလူလူသန်း၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမောင်မောင်အောင်တို့က လက်ခံရယူပါသည်။ မီးသတ်ဆေးဗူးများ၊ ရေစုပ်စက်များကိုလှူဒါန်းရာ စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမြင့်ဆွေက လက်ခံရယူပြီး  မကွေးမြို့ပေါ်ရှိ မြို့မဈေး၊ ကန်သာဈေး၊ ရန်ပယ်ဈေး၊ ရန်ကင်းဈေး၊ မင်္ဂလာဈေး၊နှင့် အဆင့်မြင့် ၃ထပ်ဈေးများသို့ ပေးအပ်ခဲ့ပါသည်။ သင်တန်းဆင်းလက်မှတ်များကို မကွေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှူး ဦးအောင်ဝင်းစိန်ကပေးအပ်ရာ သင်တန်းသားများမှလက်ခံရယူပါသည်။
အဆိုပါသင်တန်းသို့ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သင်တန်းသား(၅၂)ဦး ဈေးများမှ သင်တန်းသား(၄၈)ဦး တက်ရောက်ခဲ့ကြောင်းနှင့် လှူဒါန်းမှုစုစုပေါင်းတန်ဖိုးမှာသိန်း(၁၃၀)ကျော် ရရှိကြောင်း သိရသည်။
ညီညီမောင် 


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video