Sunday, March 15, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ နံနက် ၃ နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ ချောက်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အမှတ်(၁၅)တိုးချဲ့ရပ်ကွက်၊ ချောက်-ဂွေးချို ကားလမ်းပေါ်တွင် လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် ချောက်မြို့၊ ရန်ကင်း ရပ်ကွက်နေ သူ သောင်းထက်အောင် (၂၇)နှစ် နှင့် ချောက်မြို့၊ အမှတ်(၅) ရပ်ကွက်နေသူ မင်းမင်းသိန်း (၂၀)နှစ် တို့(၂)ဦးအား မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်မေးရာ အနော်ရထားတံတား ချဉ်းကပ်လမ်းရှိ ဦးကိုကိုမောင်၏ ပစ္စည်းအဟောင်း ရောင်းဝယ်ရေးဆိုင်၌ GS ဘက္ထရီအိုးကြီး(၁)လုံးအား တန်ဘိုး ၃၀၀၀၀ိ/-ဖြင့် ရောင်းချ ခဲ့ကြောင်း သိရှိရသဖြင့် သိမ်းဆည်းရမိခဲ့ပြီး ၄င်းဘက္ထရီအိုးအား တစ်နေရာရာ မှ ခိုးယူရောင်းချခဲ့သည်ဟု ထင်မြင်ယူဆရသဖြင့် သောင်းထိုက်အောင်နှင့် မင်းမင်းသိန်းတို့ (၂)ဦးအား ချောက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၄၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉/ ကျင့် ၅၄ အရ အမှုဖွင့် အရေးယူမှု ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video