Sunday, March 15, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ နံနက်(၈) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူ ဌာနစိတ်မှ ရဲတပ်ဖွဲ့ဝင်များသည် သရက်ခရိုင်၊ မင်းလှမြို့နယ်၊ လင်းကယ် ရွာနှင့် မင်းဂံရွာကြားရှိ မင်းဂံရိုးချောင်းအတွင်း တရားမ၀င် ရေနံချက်လုပ်နေကြောင်း သတင်းအရ သွားရောက် စစ်ဆေးရှာဖွေခဲ့ရာ မင်းလှမြို့နယ်၊ လင်းကယ်ကျေးရွာနေသူ အောင်ပန်း (၃၂)နှစ် မှ တရားမ၀င် ရေနံ ချက်လုပ်ပြီး ထွက်ရှိသော ဒီဇယ်နှင့် ဓါတ်ဆီများအား သရက်မြို့နယ်၊ တုတ်ကိုင်း ကျေးရွာနေသူ ယာဉ်မောင်း သန့်ဇင် (၃၀)နှစ် ထံသို့ ရောင်းချနေစဉ် တရားမ၀င် ရေနံစိမ်း ဂါလံ ၁၀၀၀ ဆံ့ ရေနံချက်ဖို (၁)ခု တွင် သံလှောင်ကန် (၃)ခုတွဲလျှက်(တန်ဘိုး-၅၀၀၀၀၀ိ/-)၊ ဘွိုင်လာကန်(၁)လုံး (တန်ဘိုး-၁၀၀၀၀၀ိ/-)၊ ရေနံစိမ်း များ ပေနေသော ပေပါခွံ(၂၃)လုံး (တန်ဘိုး-၁၆၀၀၀၀ိ/-)၊ ဓါတ်ဆီ (၄၀) ဂါလံ (တန်ဘိုး-၅၀၀၀၀၀ိ/-)၊ ဒီဇယ်(၄၀)ဂါလံခန့်ပါ ပေပါ(၁၅)လုံး (တန်ဘိုး-၁၅၀၀၀၀၀ိ/-)၊ သံပေပါပြတ်(၂)လုံး (တန်ဘိုး-၁၀၀၀၀ိ/-)၊ ရေနံခပ်လက်ဆွဲ ကန်တော့(၁)ခု (တန်ဘိုး-၂၅၀၀ိ/-)၊ ပလပ်စတစ် လက်ကိုင်ပုံး (၁)လုံး၊ သံကန်တော့(၂)ခု (တန်ဘိုး-၄၅၀၀ိ/-)၊ အ၀ါရောင် ပလပ်စတစ် (၃)ပုံး (တန်ဘိုး-၄၅၀၀ိ/-)၊ အရှည်(၂၀)ပေခန့်ရှိ ကျပ်လုံးပိုက်ဖြင့် တွဲလျှက် လက်လှည့်ပန့် (၁)ခု (တန်ဘိုး- ၁၀၀၀၀ိ/-)၊ 3F-9657 ISUZU (၆)ဘီးယာဉ် အဖြူရောင်(၁)စီး (တန်ဘိုး- ၁၂၅ သိန်း)၊ (စုစုပေါင်းတန်ဘိုး ၁၅၂၉၂၅၀၀ိ/-)ခန့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။
 အောင်ပန်းနှင့် သန့်ဇင်တို့အား မင်းလှမြို့နယ်၊ မြို့မရဲစခန်း(ပ)၃၇/၂၀၁၅၊ နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများ ဥပဒေပုဒ်မ -၉ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video