Tuesday, March 31, 2015
4:05 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး မတ် ၃၀
မကွေးတိုင်းဒေသကြီး မကွေးမြို့ ဆည်မြောင်းထိန်းသိမ်းရေးရုံးခန်းမတွင် မတ် ၂၈ ရက် နံနက် ၉ နာရီကမြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (မကွေးအသင်းခွဲ)အသင်းသားစုံညီ ညီလာခံနှင့်အသင်း ဖွဲ့စည်း ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် အတူတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊မြန်မာအင်ဂျင်နီယာအသင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊တိုင်းဒေသ ကြီးအတွင်း အင်ဂျင်နီယာပညာရှင်များ၊လုပ်ငန်းရှင်များနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များတက် ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှအသင်းသားစုံညီညီလာခံနှင့် မြန်မာ အင်ဂျင်နီယာ အသင်း(မကွေး)အသင်းခွဲ ဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြား ခဲ့ပြီး မြန်မာအင်ဂျင်နီယာအသင်း ဥက္ကဌ ဦးဝင်းခိုင်မှ မြန်မာအင်ဂျင်နီယာအသင်းနှင့်ပတ်သက်၍ ဖွဲ့စည်းထားမှု၊အသင်း၏ဆောင်ရွက်နေမှုများ၊နိုင်ငံတော်တိုးတက်ရေးအတွက် အသင်းကြီး၏ကြိုးပမ်းနေမှု များကို တက်ရောက်လာသော ဧည့်သည်တော်များအား ရှင်းလင်းပြောကြားခဲ့သည်။၎င်းနောက် အသင်းဥက္ကဌဦးဝင်းခိုင်မှတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေသို့ HONORARY FELLOW AWARD အား ချီးမြှင့်မှုနှင့်ပတ်သက်၍ CITATION ဖတ်ကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေအားမြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဥက္ကဌမှ HONORARY FELLOW AWARD အားချီးမြှင့်ခဲ့ပြီး ၀န်ကြီိးချုပ်မှ၎င်းဆုနှင့်ပတ်သက်၍ ကျေးဇူးတင် စကားပြောကြားခဲ့သည်။ဆက်လက်၍ မြန်မာအင်ဂျင်နီယာအသင်း မကွေးအသင်းခွဲ ဥက္ကဌ ဦးအောင်ကျော်မြင့်မှ ဗဟိုကော်မတီဝင်၊အလုပ်အမှုဆောင် စာရင်းများ၊အသင်းဖွဲ့စည်းပုံ၊လုပ်ငန်းတာဝန် များကိုရှင်းလင်းဖတ်ကြားခြင်းနှင့်အင်ဂျင်နီယာကောင်စီနှင့်ပတ်သက်၍ရှင်းလင်းခြင်းများဆောင်ရွက်ပြီး မြန်မာအင်ဂျင်နီယာအသင်း အထွေထွေအတွင်းရေးမှူး ဦးတင်လတ်မှ Membership,AER,AAE,CMC နှင့် YoungEngineer
နှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ကြသည်။
၎င်းနောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ စာအုပ်များ ကိုပေးအပ်လှူဒါန်းရာ မြန်မာအင်ဂျင်နီယာအသင်း မကွေးအသင်းခွဲ ဥက္ကဌဦးအောင်ကျော် မြင့်မှ လက်ခံရယူခဲ့ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဗဟိုဥက္ကဌထံသို့ အသင်းဝင်လျှောက်လွှာ များပြန်လည်ပေးအပ်ခဲ့သည်။ မြန်မာအင်ဂျင်နီယာအသင်း (မကွေး)အသင်းခွဲအား မကွေးတိုင်း ဒသကြီးအတွင်းရှိ အင်ဂျင်နီယာပညာရှင်များ ၊တာဝန်ထမ်းဆောင်ဆဲ အင်ဂျင်နီယာကြီးများနှင့် ဖွဲ့စည်းထားရှိကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment