Tuesday, March 31, 2015
3:56 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး မတ် ၃၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအတွက် မီးသတ်ယာဉ်များ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့ ညနေ(၃း၅၀)အချိန်တွင် တိုင်းဒေသကြီးအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ တက်ရောက်အားပေး ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်က မီးသတ်ယာဉ်များ လွှဲပြောင်းပေး အပ်ခြင်း နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။ ယင်းနောက် မကွေးခရိုင်၊ ပခုက္ကူခရိုင်နှင့် ဂန်ဂေါခရိုင်များသို့ မီးသတ် ယာဉ်များနှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေက လွှဲပြောင်းပေးအပ်ပြီး သရက်ခရိုင်နှင့် မင်းဘူးခရိုင်များသို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်က မီးသတ်ယာဉ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ် ပါသည်။
ဆက်လက်ပြီး မီးသတ်ယာဉ်နှင့် လူနာတင်ယာဉ်များ လွှဲပြောင်းပေးခြင်းအတွက်မကွေးတိုင်းဒေသကြီး မြို့နယ်များကိုယ်စား မကွေးမြို့နယ်မှ မြို့မိမြို့ဖတစ်ဦးကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။ ယင်း နောက် မီးသတ်ယာဉ်နှင့် စက်ကိရိယာများစွမ်းရည်နှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၏ စွမ်းရည်များသရုပ်ပြ ခြင်းများ ပြုလုပ်ရာ ဆီမီးလောင်မှုအား HNE Water Mist ယာဉ်အသုံးပြု ငြှိမ်းသတ်ခြင်း၊ မော်တော်ယာဉ်အတွင်း ပိတ်မိနေသူအား Hydraulic Tools များအသုံးပြု၍ ကယ်ဆယ်ခြင်း၊ မီးငြိမ်းသတ်ယာဉ်များ၏ စက်စွမ်းရည် များအား သရုပ်ပြသကြပါသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးဒေသကြီးအစိုးရအဖွဲ့မှ လွှဲပြောင်းပေးအပ်သည့် မီးသတ်ငြိမ်းသတ်ယာဉ်(၄၃)စီး၊ HNE မီးငြိမ်းသတ်ယာဉ်အငယ်(၅)စီး၊ လူနာတင်ယာဉ် (၂)စီးနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သက်တမ်းလွန်မီးသတ်ယာဉ်များအား ဖြည့်ဆည်းပေးခြင်းအတွက် (၁၀)စီး၊ တို့နှင့် ခင်းကျင်းပြသထားသည့် မီးငြိမ်းသတ်ရေးပစ္စည်းများနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများအား လိုက်လံကြည့်ရှုရာ မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြောင်းသတင်းရရှိပါသည်။
ညီညီမောင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment