Tuesday, March 31, 2015
4:17 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး မတ် ၃၀
မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ၂၀၁၅ခုနှစ် နွေရာသီစာတတ်မြောက်ရေးလုပ်အားပေး
အောင်လံမြို့နယ်သို့သွားရောက်မည့်မကွေးတက္ကသိုလ်မှကျောင်းသားကျောင်းသူများ တွေ့ဆုံပွဲအခမ်း အနားကို ယနေ့ နံနက် ၉ နာရီက မကွေးတက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊မကွေး တက္ကသိုလ်ပါမောက္ခချုပ်နှင့်ဌာနမှူးများ၊ဆရာ/ဆရာမများနှင့်နွေရာသီစာတတ်မြောက်ရေး လုပ်အားပေး သွားရောက်မည့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေမှ အောင်လံမြို့နယ်သို့ ၂၀၁၅ခုနှစ် နွေရာသီ စာတတ်မြောက်ရေးလုပ်အားပေးသွားရောက်မည့် မကွေးတက္ကသိုလ်ကျောင်းသားကျောင်းသူများအား သြ၀ါဒအမှာစကားပြောကြားရာတွင် ကျောင်းသားလူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်တွင် တိုင်းဒေ သကြီးအတွင်းမှ စာမတတ်သူများအား သွားရောက်သင်ကြားရမှာဖြစ်သည့်အတွက်ဂုဏ်ယူ ၀မ်းမြောက်ဖွယ် ကောင်းကြောင်း၊ကျောင်းပိတ်ချိန်တွင်အချိန်ကိုအကျိုးရှိစွာအသုံးချတတ်ခြင်း၊လုပ်ငန်းခွင် မ၀င်ရောက်မီ တက္ကသိုလ်ကျောင်းသားဘ၀မှစတင်၍ ကျောင်းသားကျောင်းသူများအားပရဟိတ လူမှုရေးစိတ်ဓာတ်များရှိလာရေးအတွက ပြုစုပျိုးထောင်လေ့ကျင့်ရန်လိုအပ်ကြောင်း၊စာမတတ်သူ
ပပျောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရသည့်အတွက် နိုင်ငံအတွက်လည်း ဂုဏ်ယူဝမ်းမြောက်ဖွယ်ကောင်းကြောင်း စသည်ဖြင့် အကျယ်တ၀ံ့ပြောကြားခဲ့သည်။
၎င်းနောက် မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးကျော်မှ မကွေးတက္ကသိုလ်မှ အောင်လံ မြို့နယ်သို့ ၂၀၁၅ခုနှစ် နွေရာသီ စာတတ်မြောက်ရေးလုပ်အားပေးသွားရောက်မည့် မကွေးတက္ကသိုလ် ကျောင်းသားကျောင်းသူများအားစည်းကမ်းပိုင်းများ၊အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်မဖြစ်ပွားရေး၊ ကျန်းမာရေး ကိစ္စများ၊သက်ဆိုင်ရာရွာအလိုက် ရပ်ရွာစည်းကမ်းများ လိုက်နာရေးတို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စာတတ်မြောက်ရေးလုပ်အားပေး သွားရောက်မည့် ကျောင်းသား ကျောင်းသူများအား စာတတ်မြောက်ရေး လုပ်အားပေး အထိမ်းအမှတ် လက်စွဲအိတ်၊တီရှပ် ဦးထုပ်၊ ကျန်းမာရေးသုံးပစ္စည်းများ၊ မျက်နှာသုပ်ပ၀ါများကို ကျေးရွာအုပ်စုအလိုက် တာဝန်ကျ ကျောင်းသား ကျောင်းသူခေါင်းဆောင်များအား ပေးအပ်ခဲ့သည်။
ထို့နောက် ၂၀၁၅ခုနှစ် နွေရာသီစာတတ်မြောက်ရေး လုပ်အားပေးသွားရောက်မည့်
ကျောင်းသား/ ကျောင်းသူများကိုယ်စား ပထမနှစ်ဂုဏ်ထူးတန်းကျောင်းသူ မချိုချိုမောင်မှ
ကျေးဇူးတင်စကားပြန်လည်ပြော ကြားခဲ့ပြီး အခမ်းအနားရုပ်သိမ်းကာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လုပ်အားပေးသွားရောက်မည့်ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။
သန်းနိုင်ဦး(ငဖဲ)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment