Friday, March 13, 2015
10:39 AM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ငဖဲ မတ် ၁၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း နယ်ဇောကျေးရွာနှင့် အိုးမြေတွင်းကျေးရွာတို့ တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေသိန်း(၃၀၀)စီဖြင့် ကျေးရွာသူ/ သား များမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊မွေးမြူရေး၊ အရောင်း အ၀ယ် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ထားမှု အခြေအနေနှင့် စာရင်းဇယားများ ထိန်းသိမ်းထားရှိမှု အခြေအနေတို့ အား မင်းဘူးခရိုင်ဦးစီးဌာနမှူးနှင့် အဖွဲ့မှ ကျေးရွာများသို့ကွင်းဆင်းစစ်ဆေးပြီး စာရင်းဇယားများအား စနစ်တကျ ထားရှိရေး လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရပါသည် ။
သန်းနိုင်ဦး(ငဖဲ)
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment