Friday, March 13, 2015


မကွေး     မတ်     ၁၂
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဘုန်မော်ရွှေသည် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင်ရေနံချောင်းမြို့နယ် စခန်းကန်ကျေးရွာ မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ ရောက်ရှိ၍ မီးလောင်ပြင်အားလှည့်လည် ကြည့်ရှုစစ်ဆေးပြီး မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
    ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် ရေနံချောင်းမြို့နယ် စခန်းကန် ကျေးရွာ တွဲဘက်အလယ်တန်းကျောင်း၌ ပြုလုပ်သည့် မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့လှူဒါန်းသော ဆန် ဆီ ဆား ပဲနှင့်အ၀တ်အထည်စသည့်
 ထောက်ပံ့ပစ္စည်းများသည်  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မကွေးဖွံ့ဖြိုး ရေးဖောင်ဒေးရှင်း၊
 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့မှ ထောက်ပံ့လှူဒါန်း ခြင်းဖြစ်ပါကြောင်း ၊မီးဘေးသင့်ပြည်သူများ အတွက်လိုအပ်သောလုံခြုံရေး၊ကျန်းမာရေး၊ ပြန်လည်နေရာချထားရေးလုပ်ငန်းများကိုလည်းဆောင်ရွက်
 ပေးသွာမည်ဖြစ်ပါကြောင်း၊ ကွတ်ကဲမှု အဖွဲ့များမှလည်းလှူဒါန်းထားသောပစ္စည်းများအား
 လေလွင့်မှုမရှိစေရေးနှင့် စနစ်တကျဖြင့်မီးဘေးသင့်ပြည်သူများထံပေးအပ်ဆောင်ရွက် သွားရန် တို့ကို ပြောကြားခဲ့သည်။
    ဆက်လက်၍ဘ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မီးဘေးသင့်ပြည်သူများအားအလှူပစ္စည်း များပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှလက်လံရယူပြီး  လှူဒါန်းမည့်အ၀တ်အထည်များအား လိုက်လံ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားကာ မီးဘေးသင့် ပြည်သူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်အားပေးစကားပြောကြားခဲ့သည်။
    ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အဆိုပါကျောင်းဝန်းရှေ့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော အ၀ီစိရေတွင်း တူးဖော်ရေထွက်နေမှုအား ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြချက်များအပေါ်  တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video