Friday, March 13, 2015

ပွင့်ဖြူ     မတ်      ၁၁
    မွေးမြူရေးရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ကျေးလက်တိရစ္ဆာန်ကျန်းမာရေးလုပ်သား မွန်းမံသင်တန်းဆင်းပွဲ အခမ်းအနား ကို မတ် ၈ ရက် နံနက် ၉နာရီက ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
    အခမ်းအနားတွင်  ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးမှသင်တန်းသားများအား ကာကွယ်ဆေးထိုးပိုက်များပေးအပ်ပြီး မြို့နယ်ဦးစီးမှူးဦးအောင်လွင်က သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ပြီး  သင်တန်းသားတစ်ဦးမှကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
    အဆိုပါ သင်တန်းမှာ မတ်လ(၂) ရက်နေ့မှ(၇) ရက်နေ့အထိ သင်ကြားခဲ့ပြီး သင်တန်းသား(၃၀)ဦးအား ကျေးလက်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစု ၀င်ငွေတိုး ခေတ်မီမွေးမြူရေးပညာရပ်များပြန့်ပွားရေးအတွက် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video