Friday, March 13, 2015
10:45 AM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး မတ် ၁၁
မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုမူကြမ်းအလုပ်ရုံဆွေးနွေးပွဲ
အခမ်းအနားကို မတ် ၁၀ ရက် နံနက် ၉ နာရီက တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ရုံးအစည်းအဝေး
ခန်းမ၌ ကျင်းပပြုခဲ့သည်။အလုပ်ရုံ ဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမောင်မောင်အောင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊အမှုဆောင်အရာရှိများမှတစ်မြို့နယ်ချင်းအလိုက်စည်ပင်သာယာရေး
ကိစ္စရပ်များ နှင့်အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေး မူကြမ်းများ ဆွေးနွေးတင်ပြခဲ့ကြသည်။ဆက်လက်၍ တိုင်းဒေသကြီး စည်ပင်သာယရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီးမှ ဖြည့်စွက် ဆွေးနွေးခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးမှ တင်ပြဆွေးနွေးချက်များ အပေါ် ပြန်လည်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment