၂၀၁၅ ခုနှစ်၊ မတ်လ ၄ ရက်နေ့ ညနေ (၄) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ၊ ဆော မြို့နယ်၊ သလယ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြားထူး(၅၂)နှစ်သည် ဆယ်အိမ်မှူး များနှင့် အတူ ကျေးရွာအတွင်းနေအိမ်များ၌ မီးချိတ်၊ မီးကပ်၊ လှေကား၊ သဲ၊ ရေများအသင့်ထားရှိမှု ရှိ/မရှိ လိုက်လံ စစ်ဆေးရာ တစ်ရွာတည်းနေ သိန်းဇော်မြင့်(၄၂) နှစ်၏ နေအိမ်တွင် လုပ်ဆောင်ထားခြင်း မရှိ သဖြင့် မေးမြန်းရာ မချေမငံပြန်လည်ပြောဆိုပြီး ဦးကြားထူးအားလုံးထွေးသတ်ပုတ်ခဲ့၍ ဦးကြားထူးတွင် ဒဏ်ရာများရရှိသဖြင့် သိန်းဇော်မြင့်အား ဆောမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၅/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃၃၂ အရ အမှုဖွင့်အရေးယူခဲ့သည်။
၉.၃.၂ဝ၁၅ ရက်နေ့တွင် ဆောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဆောမြို့မရဲစခန်း (ပ)၁၅/၂ဝ၁၅ ၊ ပြစ်မှုပုဒ်မ ၃၃၂ အမှုမှ တရားခံ သိန်းဇော်မြင့်(၄ဝ)နှစ်အား သွားရောက်ဖမ်းဆီးရာ ၄င်းနေအိမ်တွင် လိုင်စင်မဲ့ ဆေးကုသနေကြောင်း သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ ၊ နေအိမ် ခေါင်းရင်းခန်း ၄င်းအိပ်ယာ အနီးရှိသေတ္တာအတွင်းမှ ဆေးဝါးကုသရာတွင် အသုံးပြုသော သွေးပေါင် ချိန်တိုင်း ကိရိယာ (၁)ခု၊ နားကြပ်(၁)ခု၊ ဆေးထိုးအပ်(၁၄) ချောင်း ၊ ဆေးထိုးပုလင်း(၁၁)မျိုး၊ သောက် ဆေးပြား(၅)မျိုးတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားမဝင်ဆေးကုသသူ သိန်းဇော်မြင့် အား ဆောမြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၇/၂ဝ၁၅၊ ၂ဝဝဝ ပြည့်နှစ် ၊ မြန်မာနိုင်ငံဆေးကောင်စီပုဒ်မ ၄ အရ ထပ်မံအမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment