၂၀၁၅ ခုနှစ်၊ မတ်လ ၉ ရက်နေ့ နံနက် (၈) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ရေနံချောင်းမြို့နယ်၊ စခန်းကန်ကျေးရွာနေ ဒေါ်ဝင်း (၃ဝ) နှစ်၏ သားဖြစ်သူ လူမင်း(၆) နှစ်သည် ဂက်စ်မီးခြစ်အား ဆော့ကစားရာမှအနီးရှိ ထန်းရွက်အားမီးကူးစက်ပြီး (၃)ပင်ပတ်လည် သက္ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း၊ မြေစိုက်နေအိမ်အား စတင်မီးလောင်ကျွမ်းခဲ့ရာ ဝါးကြမ်းခင်းနေအိမ်(၁ဝ)လုံး၊ (၃)ပင် ပတ်လည်သက္ကယ်မိုး ထရံကာ ဝါးကြမ်းခင်း(၂၂)လုံး၊ (၄)ပင်ပတ်လည်သွပ်မိုး ထရံကာ၊ ဝါးကြမ်းခင်း (၃၁)လုံး၊ စုစုပေါင်းအိမ်ခြေ (၆၃)လုံး၊ (၁ဝ)ပေပတ်လည် နွားတင်းကုတ် (၃)လုံးတို့အား မီးလောင်ကျွမ်းခဲ့ရာ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ကား ၄ စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာသူ/သားများမှ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ၁ဝ၃ဝ အချိန် မီးငြိမ်းသွားခဲ့ပြီး၊ အိမ်ထောင်စု (၆၃)စုမှ ကျား ၁၁၃၊ မ ၁၄ဝ၊ ပေါင်း ၂၅၃ ဦး အိုးမဲ့ အိမ်မဲ့ဖြစ်ကာ တန်ဘိုး (၉၈၅ဝဝဝဝိ/-) ခန့် မီးလောင်ဆုံးရှုံးသွားသဖြင့် မီးပေါ့ဆစွာ အသုံးပြုသူ ဒေါ်ဝင်း အား ရေနံချောင်းမြို့နယ်၊ ညောင်လှနယ်မြေရဲစခန်း (ပ)၁၄/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး ၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ မကွေးတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးနှင့် မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းနှင့်အဖွဲ့တို့သည် မီးလောင်မှုဖြစ်ပွားခဲ့သည့် စခန်းကန်ရွာမှ မီးဘေးသင့်ပြည်သူ များနေရာ ချထားသည့် ကျေးရွာဘုန်းကြီးကျောင်းနှင့် အမက(၅၄)ကျောင်းသို့ ရောက်ရှိကာ မီးဘေး သင့်ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ယမ်ယမ်ခေါက်ဆွဲပုံး ၆၀ ပုံး၊ ဆန်အိတ် ၆၀ အိတ်တို့အား ပေးအပ်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမောင်ခိုင်နှင့်အဖွဲ့မှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးနေ၀င်းမှ ကျေးရွာသူ/သားများအား မီးလောင်ပြင်တွင် ဆောင်ရွက် ရမည့် အခြေအနေများအား ရှင်းလင်းပြောကြားခြင်းနှင့် မီးလောင်မှုဖြစ်ပွားသည့်နေရာ၌ ခလရ (၇၇)မှ စစ်သည် များ၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ နှင့်ပူးပေါင်း၍ မီးလောင်ပြင် သန့်ရှင်းရေး၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment