၂၀၁၅ ခုနှစ်၊ မတ်လ ၉ ရက်နေ့ ညနေ (၅) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပျော်ဘွယ်-နတ်မောက်ကားလမ်း မိုင်တိုင်အမှတ် ၅၁/၅ တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။
ပျော်ဘွယ်-နတ်မောက်ကားလမ်းအတိုင်း နတ်မောက်မြို့နယ်၊ ညောင်ပင်လှရွာနေ အောင်စန်းနိုင် (၂၇)နှစ် မောင်းနှင်ပြီး မသန်းသန်းဝင်း လိုက်ပါလာသည့် 5I/xxxx AG အဖြူရောင်(၆)ဘီးယာဉ်သည် မိုင်တိုင်အမှတ် ၅၁/၅၊ ဦးကြူးရေကန်အနီးအရောက်တွင် ယာဉ်၏ယာဘက်ရှေ့ဘီး လေးထုပ်ပြုတ် ထွက်ကာ လမ်း၏ယာဘက်ဘေးသို့ တိမ်းမှောက်ခဲ့သော်လည်း ယာဉ်ပေါ် ပါသူများ ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ်အနည်းငယ်ပျက်စီးသွားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ၊ အောင်စန်းနိုင်အား နတ်မောက်မြို့နယ်၊ မြို့မရဲစခန်းယာဉ်(ပ) ၅/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၇၉ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment