Tuesday, March 10, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၉ ရက်နေ့ ည (၉) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲ မြို့နယ်၊ ငဖဲမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နတ်ရေကန်တောင် ရှောင်ကွင်းလမ်း မိုင်တိုင်အမှတ် (၄/၁) တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

မင်းဘူး-အမ်းကားလမ်းအတိုင်း စစ်တွေမှ မန္တလေးသို့ ဘခိုင်၊(အသက်၊ ဖအမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ) မောင်းနှင်လာသည့် ''နန်းတော်ဝင်''ယာဉ်လိုင်းမှ 3B/xxxx ၊ ဖူဆို မှန်လုံခရီးသည်တင် ယာဉ် သည် ခရီးသည်များ တင်ဆောင်၍မောင်းနှင်လာစဉ် နတ်ရေကန်တောင် ရှောင်ကွင်းလမ်း မိုင်တိုင်အမှတ် (၄/၁) အရောက် ကုန်းအဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ရှိ ပေ(၁၅ဝ) ခန့် နက်သော ချောက်ထဲသို့ထိုးကျ တိမ်းမှောက်ပြီးယာဉ်ပေါ်ပါ မင်းပြားမြို့နယ်၊ ကျောက်ခေါင်းရွာနေ မအေးစံဖြူ(၂၈)နှစ် ပါ ခရီးသည် ကျား(၉)ဦး၊ မ(၇)ဦး၊ ပေါင်း(၁၆)ဦးတို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့ပြီး ယာဉ်မောင်း ဘခိုင်၊ ယာဉ်နောက်လိုက် ရဲထိုက်နှင့် ရဟန်း(၁)ပါး (စိစစ်ဆဲ) တို့မှာ အခင်းဖြစ် နေရာတွင် ကားပိ၍သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရသည်။

ယာဉ်မဆင်မခြင် မောင်းနှင်သူ ဘခိုင်အား ငဖဲမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၁၄/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က/၃၃၇/၃၃၈အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video