Tuesday, March 10, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၉ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်းအရ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ၏ လောင်းကစားဖမ်းဝရမ်းအမှတ်(၇/၂ဝ၁၅)ဖြင့် မကွေးမြို့၊ မြို့ဟောင်းရပ်နေ ကိုသန်းလွင်(၄၇)နှစ် ၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ကြောင်း သတင်းရရှိပါသည်။ 

မကွေးမြို့၊ မြို့ဟောင်းရပ်နေ ကိုသန်းလွင်(၄၇)နှစ်အား နေအိမ်နောက်ဖေး စားပွဲခုံအနီးထိုင်လျှက် နှစ်လုံးထီ ၊ လောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ လောင်းကြေးငွေစက္ကူရောရာ (၅၇၃ဝဝိ/-) နှင့် အတူ တွေ့ရှိသိမ်းဆည်းရမိသဖြင့် နှစ်လုံးထီ လောင်းကစားပြုလုပ်သူ သန်းလွင်အား မကွေးမြို့နယ်၊ မြို့မ ရဲစခန်း(ပ)၆၈/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video