Tuesday, March 10, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ နံနက် (၀၀၃၀) အချိန်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမ မြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကံမ-သရက်ကားလမ်း ကံမမြို့အထွက် မောင်းတံဂိတ် အနီးတွင် မသင်္ကာဖွယ်လူ(၂)ဦးမှ နွား(၁)ကောင်ဆွဲလာကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

ကံမမြို့နယ်၊ ထန်းလေးပင်ကျေးရွာနေ မြင့်ကျော်(ခ) သန်းဦး၊ ၄၈နှစ်နှင့် ၄င်း၏ သားဖြစ်သူ ရဲဝင်းစိုး (ခ)ရဲစိုး၊ ၂၁နှစ်တို့သည် ဦးဂျို (၃) လက်မ၊ ဒေါက်(၃)ပေခန့်ရှိ နှာပြောက်ပြာအဝါရောင် နွားထီး (၁) ကောင် အား ဆွဲလာသည်ကိုတွေ့ရှိရသဖြင့်စစ်မေးရာ ၄င်းနွားအား ပိုင်ဆိုင်ကြောင်း အထောက်အထား ခိုင်လုံစွာပြောပြနိုင်မှုမရှိသဖြင့် တစ်နေရာရာမှခိုးယူလာသည်ဟု မသင်္ကာသဖြင့် မြင့်ကျော်နှင့် ရဲဝင်းစိုးတို့ အား ကံမမြို့နယ်၊ မြို့မရဲစခန်း(ပ)၉/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video