Tuesday, March 10, 2015



ကျောက်ထု မတ် ၉
    ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ၌ နွေစပါးစိုက်ပျိုးရန်အတွက် ပျိုးထောင်နေကြပြီဖြစ်ရာ စိုက်နည်း စနစ်မှန်ကန်ရေးနှင့် သိပ္ပံနည်းကျဘောင်စနစ်ဖြင့် စနစ်တကျပျိုးထောင်နိုင်ရေး ကျောက်ထုမြို့ စိုက်ပျိုးရေး ဦးစီးဌာနက တောင်သူများအား လက်တွေ့ဆောင်ရွက်စေခြင်းဖြင့်  အသိပညာပေးဆွေးနွေးခြင်းများကို ကွင်းဆင်း ဆောင်ရွက်လျှက်ရှိသည်။
    ယခုနှစ် နွေစပါးရာသီတွင် ကျောက်ထုဒေသ၌ ၁၃၂၅ ဧကစိုက်ပျိုးသွားမည်ဖြစ်၍ ယခင်နှစ် အတွေ့ အကြုံအရ အထွက်ကောင်း၍ ဒေသနှင့်သင့်လျှော်သည့် ဗီယက်နမ်ပုလဲသွယ် စပါးမျိုးကို အဓိကထားစိုက်ပျိုး ကြမည်ဟု သိရသည်။
    ထိုသို့ဆောင်ရွက်လျှက်ရှိရာ ပန်းဆန်ကျေးရွာ ကွင်းအမှတ် ၆၄ ၌် မတ် ၈ ရက်တွင် ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးခင်မောင်ကြည် နှင့်အဖွဲ့က ဗီယက်နမ်ပုလဲသွယ်စပါးမျိုးကို ဘောင်အကျယ် ၃ ပေ၊ အမြင့် ၄ လက္မ၊ အလျှား ၁၂၀ ပေရှိ ပျိုးဘောင်များပြုလုပ်၍ ဘောင်စနစ်ဖြင့်ပျိုးထောင်ခြင်းအား လက်တွေ့ ပြသဆောင်ရွက်ပေးကြရာ ဒေသခံတောင်သူများ စိတ်ပါဝင်စားစွာ လာရောက်လေ့လာ ကြည့်ရှကြကြောင်းနှင့် စိုက်ပျိုးရေးဌာနမှထုတ်ဝေသည့် စပါးအထွက်နှုန်းကောင်းရန် နည်းစနစ်ကျ စိုက်ပျိုးရေး တောင်သူပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေလျှက် သရုပ်ပြရှင်းလင်းကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ ဂန့်ဂေါမြို့။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video