Friday, March 13, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ နေ့လယ် (၁၉း၀၀)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် ဂန့်ဂေါမြို့နှင့် စိုင်ဒူးရွာအကြား ဂန့်ဂေါ-ကလေးကားလမ်းပေါ်တွင် စိုင်ဒူးရွာဘက်မှ ဂန့်ဂေါမြို့ဘက်သို့ အ၀ါရောင် နွားထီး(၁)ကောင်၊ အသက်(၃)နှစ်ခန့်၊ ဒေါက် (၃)တောင် ခန့်၊ ဦးချို (၁၀)လက်မခန့်၊ ကာလ တန်ဖိုး ၃၀၀၀၀၀ိ/-ခန့်ရှိ နွားအား အမည်မသိ လူ(၂)ဦးမှ မောင်းနှင် လာသည်ကို မသင်္ကာ ဖွယ်တွေ့ရှိ၍ စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ 
စစ်ဆေးချက်အရ ၄င်းတို့မှာ ဂန့်ဂေါမြို့နယ်၊ လာပို့ကျေးရွာနေ ဦးကျော်သိန်း (၄၅)နှစ်နှင့် သူရထွန်း(၃၃)နှစ် တို့ဖြစ်ကြောင်း သိရှိရပြီး ၄င်းတို့ မောင်းလာသည့် နွားနှင့်ပတ်သက်၍ ပိုင်ဆိုင်မှု အထောက်အထား တစ်စုံတစ်ရာ ခိုင်လုံစွာပြော ဆိုနိုင်ခြင်း မရှိသဖြင့် အဆိုပါနွားအား အခြား တစ်နေရာမှ ခိုးယူလာသည်ဟု မသင်္ကာ၍ ဦးကျော်သိန်းနှင့် သူရထွန်း တို့အား ဂန့်ဂေါ မြို့မရဲစခန်း (ပ)၂၆/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၉(တ)/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video