၂၀၁၅ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ နံနက် (၁)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ သစ်ရာကောက် ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရွာသာကျေးရွာ၌ လူတစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း ဖုန်းဆက် အကြောင်းကြားသဖြင့် သက်သေများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ သေဆုံးသူမှာ ရွာသာကျေးရွာနေသူ ဦးစိုးရွှေ(၄၆)နှစ် ဖြစ်ကြောင်းသိရှိရပြီး ၄င်းသည် အိမ်အသစ် ဆောက် လုပ်ရန် အိမ်တစ်လုံးအား (၁၃)သိန်း (၂)သောင်းကျပ်ဖြင့် စရံငွေ (၂)သိန်းကျပ် ပေး၍ ၀ယ်ယူခဲ့ရာ ကျန်ငွေအား ၁၀.၃.၂၀၁၅ ရက်နေ့တွင် ငွေအပြည့် ပေးချေနိုင်ခြင်းမရှိသဖြင့် စရံငွေဆုံးရှုံးကာ အိမ်ဆောက် နိုင်ခြင်း မရှိသောကြောင့် စိတ်ညစ်၍ ၄င်းနေအိမ်နောက်ဖေး ဆိတ်ခြံအတွင်း အမြင့်(၅)ပေ (၅)လက်မ ခန့်နှင့် လုံးပတ် (၅)လက်မခန့်ရှိ ၀ါးလုံးတန်း၌ ပြာ/နီ/စိမ်း စပ်ကြားရောင် လုံးပတ် (၁)လက်မ၊ အရှည် (၂)ပေ (၄)လက်မခန့် ပလပ်စတစ်ကြိုးကိုအသုံးပြုပြီး ဒူးနှစ်ဘက်ကွေးလျက် အနေအ ထားဖြင့် ယောက်ျား တန်ဆာမှ သုတ်ရည်များ ထွက်လျက် ပြင်ပဒဏ်ရာမရှိဘဲ ကြိုးဆွဲချသေဆုံးနေ သည် ကို တွေ့ရှိရကြောင်း၊


0 comments:
Post a Comment