၂၀၁၅ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ နံနက် (၈) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒါးစမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းမှ တောအတွင်း၌ လူသေအလောင်း တစ်လောင်း တွေ့ရှိကြောင်း အကြောင်း ကြားသဖြင့် သက်သေများနှင့်အတူ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ ပဒဲကျေးရွာ အနောက်ဘက် (၂)မိုင်ခန့်အကွာ တောအတွင်း၌ အရှေ့မြောက် ဘက်သို့ ဦးခေါင်းပြုလျက် ပက်လက်အနေအထားဖြင့် သေဆုံးနေသော အမည်မသိ အမျိုးသား အလောင်း တစ်လောင်းအား မီးလောင်ကျွမ်းခံရပြီး သေဆုံးနေသည်ကို တွေ့ရှိရ၍ အလောင်းအား စစ်ဆေးရာ ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ မီးလောင်ခံဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း၊
ဆက်လက်မေးမြန်းရာ ပဒဲကျေးရွာနေ ကျော်သူ (၂၅)နှစ်မှ ၁၁.၃.၂၀၁၅ ရက်နေ့ ညနေ (၃)နာရီခွဲ အချိန်ခန့် တွင် ပဒဲကျေးရွာမှ တောထဲသို့ ငှက်ပစ်ရန်သွားစဉ် လူသေအလောင်း တစ်လောင်းအား တွေ့ရှိ ခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးထံ သို့ သတင်းပေးပို့ခဲ့ကြောင်း၊ ကျေးရွာအတွင်း မေးမြန်း ရာ ပျောက်ဆုံးသူ မရှိကြောင်းသိရှိရပါသည်။

သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ၄င်းသေဆုံးခြင်း မှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတ် စစ်ဆေးနိုင်ရန် အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ် နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၅ ဖြင့် ရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment