Friday, March 13, 2015

သရက် မတ် ၁၃
      မကွေးတိုင်းဒေသကြီး သရက်မြို့`၌ ဒေါ်နီနီမူကြိုကျောင်းတွင် မွေးနေ့ အလှူရှင်အဖြစ် သမီးလေး မမိုးဖြူဖြူသင်း(၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ်မူကြိုကျောင်းမှ ကျောင်းသား/ကျောင်းသူကလေးငယ်များအား နံနက်စာ အဟာရထမင်း၊မုန့်ကျွေးခြင်းနှင့်ပညာဒါနအဖြစ် စာအုပ်၊ခဲတံ၊ခဲဖျက် လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက အဆိုပါမူကြိုကျောင်းတွင် ကျင်းပခဲ့သည်။
   ရှေ့ဦးစွာ မွေးနေ့အလျူရှင် သမီးလေး မမိုးဖြူဖြူသင်းမှ မွေးနေ့ကိတ်အားလှီပြီး ကျောင်းသား /ကျောင်းသူများ အား ကျွေးမွေးပြီး စာအုပ်/ခဲတံ/ခဲဖျက်များလှူဒါန်းရာ ကျောင်းသား /ကျောင်းသူများက လက်ခံပြီးမွေးနေ့ရှင်အားကျောင်းသား/ကျောင်းသူကလေးများကကျန်းမာပျော်ရွှင်ပြီးလိုအင်ဆန္ဒပြည့်ဝပါစေဟု ဆုတောင်းပေးခဲ့သည်။    ထို့နောက်မူကြို ကျောင်းသား   /ကျောင်းသူကလေးများအား   အဟာရထမင်းနှင့်
ဟင်းလျှာများကို ကျွေးမွေးဧည့်ခံခဲ့ကြောင်းသိရသည်။
                                                                                                              ဇော်ထက်(သရက်)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video