၂၀၁၅ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ နံနက်(၁) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မကွေးမြို့၊ အောင်ရတနာအုပ်စု၊ ရန်ဝေး ရပ်ကွက်၊ ကားကြီးကွင်း အနောက်ဘက်၊ အဝေရာလမ်းရှိ ““သင်းချယ်ရီ”” တည်းခိုခန်း အခန်း အမှတ်(၇) တွင် တပ်မတော်ဗိုလ်ကြီး ၀တ်စုံဝတ်ဆင်ထားသော မသင်္ကာဖွယ်ရာ လူတစ်ဦး ရောက်ရှိ နေကြောင်း သတင်းအရ အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ် တပ်ထိန်းတပ်ဆွယ်မှ တပ်ဖွဲ့ဝင်များ၊ အောင်ရတနာ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
စစ်ဆေးချက်အရ အပွင့် ၃ ပွင့်ပါ တပ်မတော်ဝတ်စုံကို ၀တ်ဆင်ထားသော ရေနံချောင်းမြို့၊ ဘုရင့်နောင် ရပ်ကွက် နေသူ ၀ံ့သူအောင် (၂၆)နှစ်အား တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းခဲ့ရာ ၀ံ့သူအောင်မှ ၄င်းသည် မော်လမြိုင်မြို့၊ ရွှေနတ်တောင်ဥမင် လှိုင်ခေါင်း စီမံကိန်း၊ အမှတ်(၃) အထူးဆောက်လုပ်ရေး အင်ဂျင်နီယာတပ်မှ ကြည်း/xxxxxx၊ ဗိုလ်ကြီး ၀ံ့သူအောင် ဖြစ်ပြီး ၄င်း၏ ဇနီးဖြစ်သူ မသက်သက်အောင်နှင့် စကားများရန်ဖြစ်လာကာ တပ်နှင့်ပတ်သက်သည့် အထောက် အထားများ မပါလာကြောင်း ပြောပြသဖြင့် ၀ံ့သူအောင်၏ ဖခင် ဦးကိုအောင်ထံသို့ ဖုန်းဆက်မေးမြန်းရာ ၀ံ့သူအောင်မှာ တပ်မတော်သား မဟုတ်ကြောင်း အဆိုပါဝတ်စုံအား တပ်မတော်သား အယောင်ဆောင် ၀တ်ဆင်လာခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ဝင့်သူအောင်၏ ခရီးဆောင်အိတ်အတွင်း ရှာဖွေစစ်ဆေးရာ ဖန်စီရွှေထည်အတု လက်ဝတ်တန်ဆာ မျိုးစုံ (စုစုပေါင်း တန်ဘိုး ၂၂၅၀၀၀ိ/-ခန့်)အား တွေ့ရှိရသဖြင့် စစ်မေးရာ ၄င်းပိုင်ဆိုင်ကြောင်း ခိုင်လုံ စွာပြောပြနိုင်ခြင်း မရှိသည်ကို သိရှိရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ၀ံ့သူအောင်အား ကြည်း၊ ရေ၊ လေ တပ်မတော်သား မဟုတ်ဘဲ မိမိကိုယ်ကို တပ်မတော်သားဟု ယုံကြည်စေရန် ကြံရွယ်ချက်ဖြင့် စစ်ဝတ်တန်ဆာ ၀တ်ဆင်မှုဖြင့် မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၆၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၀ အရ လည်းကောင်း၊

0 comments:
Post a Comment