၂၀၁၅ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ နံနက် (၈) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများ နှင့်အတူ ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်၊ အနော်ရထားလမ်း၊ ဘော်လုံးကွင်းတိုက်တန်းနေသူ ရွှေဇမ္ဘူ ကုန်စုံဆိုင်ပိုင်ရှင် ဦးသန်းဝင်းစိုး (၃၈)နှစ်၏ ကုန်စုံဆိုင်အတွင်း ၀င်ရောက်ရှာဖွေရာ ၆ ဂါလံဆံ့ ပလပ်စတစ်ဗူးများဖြင့် ထည့်လျက် ဓါတ်ဆီ(၂၇)ဂါလံ၊ (၁)လီတာဆံ့ ရေသန့်ဗူးဖြင့် ထည့်ထားသော ဓါတ်ဆီ (၅)ဗူးနှင့် ပလပ်စတစ်ဗူးဖြင့် ထည့်ထားသော ဒီဇယ်(၃)ဂါလံနှင့် ဆီရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိသဖြင့် တရားမ၀င် လောင်စာဆီများအား လက်ဝယ်ထားရှိ ရောင်းချသူ ဦးသန်းဝင်းစိုး အား ဆိပ်ဖြူမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၂/၂၀၁၅ ရေနံအက်ဥပဒေပုဒ်မ ၂၃(၁)(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Friday, March 13, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment