၂၀၁၅ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ ည (၁၀း ၄၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နှမ်းခါးကျေးရွာ အုပ်ချုပ်ရေးမှူးမှ နှမ်းခါး ရွာနှင့် ရဲလှကျေးရွာအကြား ဂန့်ဂေါ-ကလေးကားလမ်း မိုင်တိုင်အမှတ် (၂၇/၂)နှင့် (၂၇/၃)ကြား တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း ဖုန်းဆက် အကြောင်းကြားသဖြင့် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ ဂန့်ဂေါ-ကလေး ကားလမ်းအတိုင်း နှမ်းခါးရွာမှ ရဲလှရွာသို့ ဂန့်ဂေါမြို့နယ်၊ ရေရှင်ကျေး ရွာနေသူ ထွေးပု(ခ) မြင့်ထွေး(၂၇)နှစ် သည် ၂၄ယ/xxxxx၊ ရှာရမ်း ၁၂၅ အနက်ရောင်ဆိုင်ကယ် နောက်မှ တစ်ရွာတည်းနေ နေမျိုးထွန်း (၁၆)နှစ် အား တင်ဆောင်၍ မောင်းနှင်လာစဉ် ရဲလှရွာမှ နှမ်းခါးရွာဘက်သို့ ဂန့်ဂေါမြို့၊ အမှတ်(၁)ရပ်ကွက်နေသူ ယာဉ်မောင်း နိုင်လင်း (၃၅)နှစ် မောင်းနှင်လာသော ဇ/xxxx ဟီးနိုး အစိမ်းရောင် (၆)ဘီးယာဉ်နှင့် ရှောင်တိမ်းစဉ် ချိတ်မိ၍ ဆိုင်ကယ်တိမ်းမှောက်ခဲ့ သဖြင့် ထွေးပု(ခ) မြင့်ထွေး တွင် ဦးခေါင်းငယ်ထိပ် (၁)လက်မခန့် ပေါက်ပြဲဒဏ်ရာနှင့် နေမျိုးထွန်းတွင် နောက်စေ့ (၁)လက်မ ခန့် ပေါက်ပြဲ ဒဏ်ရာ၊ ရင်ဘတ်အောင့်သည့် ဒဏ်ရာတို့ ရရှိခဲ့ကြောင်းသိရှိရပါသည်။

0 comments:
Post a Comment