Friday, March 13, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ နေ့လယ် (၀၁း၀၅)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရဲစခန်းအရှေ့ တောင်ဘက် (၁)မိုင်ခန့်အကွာ၊ ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်၊ မြို့ပတ်လမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ဆေးချက်အရ ယာဉ်အမှတ် ၃စ/xxxx FO TON (AUMARK) Light Truck (4X2) (R) (၆)ဘီးယာဉ် သည် စက်ချို့ယွင်း၍ မြို့ပတ်လမ်း၏ ယာဘက်လမ်းဘေးတွင် ချရပ်ထားပြီး ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်နေသူ ယာဉ်မောင်း ဦးနောင်ကိုကိုလင်း (၃၀)နှစ် သည် ယာဉ်အောက်၌ စက်ပြင်နေစဉ် မြို့ပတ်လမ်းအတိုင်း လယ်မရွာ ဘက်မှ ဂန့်ဂေါမြို့ဘက်သို့ ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာနေသူ မျိုးဝင်း (၂၈)နှစ် စီနင်းလာသော ၂၄ယ/xxxxx BOJUE 110 အနက်ရောင် ဆိုင်ကယ်မှာ အဆိုပါကားအနီး အရောက်တွင် ကား၏ ၀ဲဘက်ဘေးတွင် ရပ်နေသော ၄င်းကားနှင့် လိုက်ပါလာသည့် ရှမ်းပြည် နယ်၊ တောင်ကြီး မြို့နယ်၊ တောင်နီကျေးရွာနေသူ ခန့်ဝင်းမောင် (၁၉)နှစ်အား ၀င်ရောက် တိုက်မိပြီး ကား၏၀ဲဘက် နောက် ဘီး အဖုံးအား ထပ်မံတိုက်မိကာ ဆိုင်ကယ်လဲခဲ့သဖြင့် ဆိုင်ကယ် မောင်းနှင်သူ မျိုးဝင်းမှာ ဦးခေါင်းနှင့် ကားလမ်းရိုက်မိ၍ ဦးခေါင်းယာဘက် ဂျိုစောင်းပွင့် ပေါက်ပြဲ ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ တွင် သေဆုံးသွားခဲ့ကြောင်း၊ ခန့်ဝင်းမောင်တွင် ၀ဲ/ယာခါး ပွန်းဒဏ်ရာ၊ ၀ဲ/ယာ တင်ပါး ပွန်းဒဏ်ရာ၊ ၀ဲ/ယာတံတောင် ပွန်းဒဏ်ရာတို့ရရှိခဲ့ကြောင်း သိရှိရပါသည်။ 
ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ မျိုးဝင်းအား ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၆/၂၀၁၅၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၀၄-က/၃၃၇ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video