Friday, March 13, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ ည(၈) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ မောင်းမလှုပ် ကျေးရွာနေသူ ဒေါ်ဌေးသန်း(၄၆)နှစ်နှင့်ခင်ပွန်းဖြစ်သူ ဇော်ကြီး (ခ) ဇော်မင်းထွန်း (၃၉)နှစ်တို့သည် နေအိမ်၌ရှိနေစဉ် ခင်ပွန်းဖြစ်သူ ဇော်ကြီး (ခ)ဇော်မင်းထွန်း မှာ အရက်မူးနေပြီး ၁၀.၃.၂၀၁၅ ရက်နေ့က လက်တောက်ခုံတွင် စကားများ ခဲ့သူ နေအိမ် အရှေ့ဘက် နေသူ အေးထက်(၃၆)နှစ်အား ဆဲဆိုနေသဖြင့် အေးထက်နှင့်အတူ ၀င်းသောင်း (၃၈)နှစ်၊ လှိုင်ဝင်း (၂၆)နှစ်၊ ခေါင်းပြား (ခ)ငဖြိုး (၁၆)နှစ် တို့သည် ၄င်း၏နေအိမ် ၀ိုင်းအတွင်း လာရောက်ဆဲဆိုပြီး ၀ါးတုတ်၊ ခဲများနှင့် ပစ်ပေါက် စိန်ခေါ်ခဲ့ကြောင်း၊
ဒေါ်ဌေးသန်းမှာ တောင်ပိုင်းရှိ အစ်မဖြစ်သူ ဒေါ်အုန်းသန်းနေအိမ်သို့ လည်းကောင်း၊ ခင်ပွန်းဖြစ်သူ ဇော်ကြီး (ခ) ဇော်မင်းထွန်းမှာ ရွာမြောက်ပိုင်းသို့ လည်းကောင်း ထွက်ပြေးခဲ့ကြစဉ် ဇော်ကြီး (ခ)ဇော်မင်းထွန်း နောက်သို့ အေးထက်ပါ (၄)ယောက်တို့ လိုက်သွား သည်ကို တွေ့မြင်ရကြောင်း၊
ခဏအကြာ ရွာမြောက်ပိုင်းမှ ဆူညံသံများ ကြားရပြီး ဒေါ်ဌေးသန်း၏ခဲအို ဦးသိန်းငွေမှ သွားရောက် ကြည့်ရှုရာ ဦးမြင့်လှိုင် နေအိမ်ရှေ့ လမ်းပေါ်တွင် ဇော်ကြီး(ခ) ဇော်မင်းထွန်းမှာ ဦးခေါင်းထိပ် ၂ လက်မ ခန့် ပေါက်ပြဲဒဏ်ရာ၊ ဂုတ်ပိုးဖူးရောင် ပေါက်ပြဲဒဏ်ရာ၊ ၀ဲတံတောင်ဆစ် ပေါက်ပြဲ ဒဏ်ရာများ ဖြင့် သေ ဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရှိရပါသည်။
 အေးထက်ပါ (၄)ဦးအား ဥပဒေအရ အရေးယူ သေဆုံး သူ၏ ဇနီးဖြစ်သူ ဒေါ်ဌေးသန်းမှ တရားလို ပြုလုပ် တိုင်တန်းသဖြင့် အောင်လံမြို့နယ်၊ ရွှေပန်းတောနယ်မြေ ရဲစခန်း (ပ)၁၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်းသတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video