Tuesday, March 17, 2015

ဆော မတ် ၁၆
       ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ ထောက်ပံ့ပေးပို့သည့် မီးသတ်ဝတ်စုံများအား ဂန့်ဂေါခရိုင် ဆောမြို့နယ် ရပ်ကွက်/ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များထံ ထပ်ဆင့်ထောက်ပံ့ပေးအပ်ပွဲကို မတ် ၁၅ ရက် က ဆောမြို့ ယောမင်းကြီးဦးဘိုးလှိုင်ခန်းမတွင်ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးဌေးလွင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဌ ဦးငွေမောင်တို့က အမှာစကားပြောကြားကြပြီး မြို့နယ် မီးသတ်တပ်ဖွဲ့တာဝန်ခံ ဦးကျော်မင်းသန်းက မီးသတ်ဦးစီးဌာန(ရုံးချုပ်) မှ ထောက်ပံ့ပေးပို့သည့် ရပ်ကွက် /ကျေးရွာ ၆၈ အုပ်စုမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် မီးသတ်ဝတ်စုံ ၁၃၃၀ စုံအား မြို့နယ်အရန် မီးသတ်တပ်ဖွဲ့ ဒု-တပ်ရင်းမှူး ဦးကျော်ဝင်းထံသို့ လွှဲပြောင်းပေးအပ်သည်။
          အဆိုပါ ဝတ်စုံပေးအပ်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/  ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video