Tuesday, March 17, 2015

ဂန့်ဂေါ မတ် ၁၆
          ဂန့်ဂေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကကြီးမှူး၍ ကျေးလက်ဒေသ အခြေခံမွေးမြူရေး လုပ်သားသင်တန်း ၁/၂၀၁၅ ဖွင့်ပွဲကို မတ် ၁၆ ရက် နံနက် ၉ နာရ်ီတွင် ဂန့်ဂေါခရိုင်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၌ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်တို့က အမှာစကားပြောကြားကြပြီး ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာ သိန်းဆွေက သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်သည်တို့ကို ရှင်းလင်းသည်။
          သင်တန်းသို့ သင်တန်းသား ၁၀ ဦးတို့ တက်ရောက်ကြ၍ သင်တန်းကာလမှာ မတ် ၂၇ ရက်ထိဖြစ် ကြောင်း သိရသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video