မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊
စလင်းမြို့နယ် တိုင်းရင်းဆေးကုဌာန အဆောင်အအုံသစ် ဖွင့် ပွဲ ကို ယနေ့နံနက် (၈း၃၀) နာရီတွင်
မြေမိကုန်းကျေးရွာရှိ အဆောင်အအုံ သစ်ရှေ့တွင် ကျင်းပရာ မကွေတိုင်းဒေသကြီး ၊အစိုးရအဖွဲ့
လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသစ်လွင်ခိုင်၊
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းတို့က ဖဲ ကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
အခမ်းအနားတွင် လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းက
အဖွင့်အမှာ စကားပြောကြားပြီး တိုင်းဒေသကြီး တိုင်းရင်းဆေးပညာ ဦးစီးဌာနမှူး ဦးသန်းညွှန့်က
အလှူငွေပေးအပ်ရာ မြေမိကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဌေးက လက်ခံရယူပြီး အခမ်းအနားကို
ရုမ်းသိမ်းခဲ့သည်။

0 comments:
Post a Comment