၂၀၁၅ ခုနှစ်၊ မတ်လ ၇ ရက်နေ့ ညနေ (၄း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ မြို့မလမ်းနှင့် သမစိတ္တ လမ်းဆုံ တွင် ယာဉ်စည်းကမ်းပညာပေးခြင်း၊ စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ သီရိမဟာလမ်းနေ ယာဉ်မောင်း အာကာသိန်းဦး (၂၁) နှစ် မောင်းနှင်လာသော 4G/xxxx ၊ နံပါတ်ပြား တပ်ဆင်ထားသော ODYSSEY အဖြူရောင်မော်တော်ယာဉ်အား စစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။
၎င်းယာဉ်နှင့်ပတ်သက်၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တရားဝင်ထုတ်ပေးထားသော သက်သေခံလက်မှတ် အထောက်အထား ပြသနိုင်ခြင်းမရှိဘဲ အကောက်ခွန်မဲ့ ယာဉ်ဖြစ်ကြောင်း ၊ မေးမြန်းသိရှိရသဖြင့် လိုင်စင်မဲ့ယာဉ်အား လက်ဝယ်ထားရှိအသုံးပြုသူ အာကာသိန်းဦးအား ပခုက္ကူ မြို့နယ်၊ မြို့မရဲစခန်း(ပ)၇၁/၂ဝ၁၅၊ ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ ၈ အရ အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment