Sunday, March 8, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၇ ရက်နေ့ နေ့လည် (၁) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေသတင်း စုံစမ်းနေစဉ် အောင်စေတနာရပ်၊ တောင်တွင်းကြီးလမ်းအနီးဘေးတွင် ဖုန်းတစ်လုံးနှင့် မသင်္ကာဖွယ် လူတစ်ဦးအား တွေ့ရှိ၍ စစ်မေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

၎င်းမှာ တောင်တွင်းကြီးမြို့၊ ရွှေအိုး(၁)ရပ်နေ မိုးဟိန်း (၂၁)နှစ် ဖြစ်ကြောင်းသိရပြီး ၄င်းကိုင်ဆောင် ထားသော Samsung Glaxy Grand SCH-1897 ဟန်းဆက်အမျိုးအစားဖုန်းနှင့် ၄င်းဟန်းဆက် ထဲတွင် ပါရှိသော တယ်လီနောဆင်းကဒ် ဝ၉-xxxx နံပါတ်တို့နှင့်ပတ်သက်၍မေးမြန်းရာ ပိုင်ဆိုင် ကြောင်း ခိုင်လုံစွာပြောပြနိုင်ခြင်းမရှိသဖြင့် တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာ၍ သက်သေ များရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းပြီး မိုးဟိန်းအား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၅၅/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video