၂၀၁၅ ခုနှစ်၊ မတ်လ ၇ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူ မြို့နယ်မီးသတ်မှ မီးသတ်တပ်ကြပ်ကြီး ဝင်းထိန်ပါ (၂)ဦးမှ မီးလောင်မှုအစီရင်ခံစာနှင့် အတူ နေအိမ် အား မီးရှို့သူ လူတစ်ဦးအား ပခုက္ကူမြို့မရဲစခန်းသို့ လာရောက်ပို့အပ်သဖြင့် ၄င်းတို့အား စစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။
ဖြစ်စဉ်မှာ ၇.၃.၂ဝ၁၅ ရက်နေ့ နေ့လည် (၁၂) နာရီခွဲအချိန်တွင် ပခုက္ကူမြို့၊ အမှတ် (၁၅) ရပ်ကွက်၊ စကားဝါ လမ်းနေ စိန်ဌေး(၂၂) နှစ်သည် အရက်သေစာ သောက်စားမူးယစ်ပြီး ၄င်းဝတ်ဆင်ထားသော စွပ်ကျယ် အင်္ကျီအား မီးရှို့ကာ နေအိမ်ရှေ့ လမ်းပေါ်မှ နေအိမ်ပေါ်သို့ပစ်တင်သောကြောင့် (၅ဝ x ၃ဝ) ပေ သွပ်မိုး၊ ဝါးထရံကာ မြေစိုက်နေအိမ်တဲရှေ့ ကာရံထားသည့် ဝါးဝန်းထရံ(၁)ပေခန့်အား မီးစွဲ လောင်ကျွမ်းခဲ့ရာ အိမ်နီးချင်းများ ဝိုင်းဝန်းငြိမ်းသတ်၍ ၁၂၃၁ အချိန်မီးငြိမ်းသွားခဲ့ကြောင်း သိရှိရသည်။

သက်သေများနှင့်အတူ အခင်းဖြစ်ရပ်အား သွားရောက်စစ်ဆေးရာ မီးလောင်ဆုံးရှုံးမှု တန်ဘိုး ၅ဝဝိ/- ခန့်ဖြစ်ကြောင်းသိရှိရ၍ နေအိမ်ဝန်းထရံအား မီးရှို့သူ စိန်ဌေး (၂၂)နှစ်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၇ဝ/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၃၆ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရပါသည်။

0 comments:
Post a Comment