Monday, March 16, 2015

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊ အောင်လံမြို့ တောင်ဘက်(၂၄)မိုင်ခန့်အကွာ  ၊ လက်ပကန်  ကျေးရွာ အနီး  (မိုင်တိုင်အမှတ် ၁၉၇/၄ အနီး )တွင် မတ် ၁၁ ရက်နေ့ ၁၃း၀၀ အချိန်ခန့်က ယာဉ်(၂)စီးအရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ရန်ကုန်-ပြည်-မန္တလေး ကာလမ်းမကြီးအတိုင်း သံချောင်းများတင်ဆောင်လာ သည့် မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်နေ ယာဉ်မောင်းဦးကျော်ကျော်မင်း (၃၄)နှစ်မှ တောင်မှမြောက် သို့မောင်းနှင်လာသည့်  ယာဉ်အမှတ် (1D/-----)အစိမ်းရောင် (၂၂)ဘီးယာဉ်နှင့် အောင်လံမြို့နယ်၊ လက်မြှောင်ရွာနေ ယာဉ်မောင်းဦးသိန်းနိုင်ဦး(၃၃)နှစ်မှ မြောက်မှတောင်သို့  မောင်းနှင်လာသည် `အောင်လံမိုး´ ခရီးသည်တင်ယာဉ် (8J/----) (တိုယိုတာဟိုက်အေ့စ် အဖြူရောင်) ယာဉ်(၂)စီးတို့ အရှိန်မထိမ်းနိုင်ဘဲမျက်နှာချင်းဆိုင် တိုက်မိခဲ့ရာ အဆိုပါ ယာဉ်တိုက်မှုကြောင့် (၂၂)ဘီးယာဉ်မှ ယာဉ်မောင်းသူနှင့် ယာဉ်နောက်လိုက်၊ `အောင်လံမိုး´ ယာဉ်မှကျား(၁၂)ဦး၊မ(၅)ဦးဒဏ်ရာရရှိပြီး၊ (၁)ဦးသေးဆုံးကြောင်းသိရှိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီး ၁၃း၄၀ နာရီ အချိန်တွင် အောင်လံမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မီးသတ်ဦးစီးမှူးရုံးမှ သန္ဓေတပ်ဖွဲ့ဝင်(၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၁)ဦး၊ မီးသတ်စက်ယာဉ် (၁)စီးဖြင့် ရောက်ရှိကာ (၂၂)ဘီးယာဉ်ခေါင်းခန်းအတွင်း ယာဉ်မောင်း ဦးကျော်ကျော်မင်း၏ ၀ဲဘက် ခြေထောက်အား စတီယာရင်နှင့်ညှပ်မိနေသဖြင့် ခေတ်မီကယ်ဆယ်ရေး ပစ္စည်း များ ဖြစ်သော  (Hydraulic Cutter & Spreader)  များအသုံးပြု၍ ကားခေါင်းခန်းအတွင်းမှ  အရေးပေါ်ထုတ်ယူကယ်ဆယ်နိုင်ခဲ့ပြီး၊ သေဆုံး၊ဒဏ်ရာရသူများ အား ပြည်မြို့နယ်  ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ကူညီခဲ့ကြသည်။ 
မီးသတ်ဦးစီးဌာနမှ ခေတ်မီကယ်ဆယ်ရေးပစ္စည်းများအသုံးပြု၍အချိန်မီကယ်ဆယ် နိုင်ခဲ့ခြင်းကြောင့်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တာဝန်ရှိသူများအားကျေးဇူးတင်ရှိပါကြောင်းနှင့်ဝမ်းသာပီတိဖြစ်ရပါကြောင်း အောင်လံမြို့နယ် ဒေသခံပြည်သူများမှ
 ပြောကြားခဲ့ကြောင်း သိရပါသည်။ ထိုဖြစ်စဉ်နှင့်ပါတ်သက်၍ ပေါ့ဆစွာ မောင်းနှင်သူ (၂၂)ဘီးယာဉ်မောင်း၏ဦးကျော်ကျော်မင်းနှင့် အောင်လံမိုးခရီးသည်တင်ယာဉ်မောင်းဦးသိန်းနိုင်ဦး တို့အား အောင်လံမြို့နယ်၊  ဒုရင်္ဂဗိုလ်ရဲစခန်းမှ ပုဒ်မ-၃၀၄(က)/ ၃၃၇/၃၃၈ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရှိရသည့်။
သဘာဝဘေးနှင့် လူတို့ကြောင့်ဖြစ်သောဘေးအန္တရာယ်များဖြစ်ပေါ်လာပါက မီးသတ် ဦးစီးဌာန (Hot Line- 191)သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်း တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့ကြောင်းသိရှိရပါသည်။     

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video