နိုင်ငံတော်သမ္မတ၏
နိုင်ငံ့စွမ်းဆောင်ရည်ဆု (လူမှုရေးဆိုင်ရာ)
ဆုရွေးချယ်ရေး အတွက် ကွင်းဆင်းအဖွဲ့(၂) အဖွဲ့ခေါင်းဆောင် ကျန်းမာရေးဝန်ကြီးဌာန၊
ဒုတိယ၀န်ကြီး ဒေါက်တာဝင်းမြင့်နှင့် အဖွဲ့သည် ဒေသဆိုင်ရာအစိုးရအဖွဲ့မှ သတ်မှတ်တင်ပြထားသည့်
မကွေးတိုင်းဒေသ ကြီး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ နိုင်ငံတော်နှင့်ပြည်သူ့လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်မှုများအား ကွင်းဆင်း၍ စိစစ်အကဲဖြတ် ဆောင်ရွက်ခြင်းအခမ်းအနားအား မတ် ၁၁ နေ့လယ်
၁း၀၀နာရီက မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဌာန၊
ဝန်ကြီး ဦးအောင်ကျော်မင်းမှအဖွင့်အမှာစကား ပြောကြားပြီး နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု(လူမှုရေးဆိုင်ရာ)
ဆုရွေးချယ်ရေး ကွင်းဆင်းအဖွဲ့(၂) အဖွဲ့ခေါင်းဆောင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယ ၀န်ကြီး
ဒေါက်တာဝင်းမြင့်မှ နိုင်ငံတော် သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု (လူမှုရေးဆိုင်ရာ) ဆုရွေးချယ်ရေးနှင့်
ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့သည်။ ဆက်လက်၍
နိုင်ငံတော် သမ္မတ ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု(လူမှုရေးဆိုင်ရာ) ဆုရွေးချယ်ရေး ကွင်းဆင်းအဖွဲ့(၂)၊
အဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များမှ မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ဖောင်ဒေရှင်း ၏
နိုင်ငံတော်နှင့်ပြည်သူ့လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ စိစစ်မေးမြန် ရာ
ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဥက္ကဌ၊ ဒု-ဥက္ကဌနှင့် အသင်းဝင်များမှအဆိုပါအခမ်းအနား သို့
နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု(လူမှုရေးဆိုင်ရာ) ဆုချီးမြှင့်ရေး မကွေးတိုင်းဒေသ ကြီး
စိစစ်ရွေးချယ်ရေးကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြ ကြောင်းသတင်းရရှိပါသည်။

0 comments:
Post a Comment