Monday, March 16, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ ည (၂၃း၄၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာနေသူ ဦးဆန်း(၆၇)နှစ် သည် လျှပ်စစ်ရေနွေးအိုးဖြင့် ရေနွေးတည်ရာမှ ၀ါယာရှော့ ဖြစ်ကာ (၃)ပင်ပတ်လည် မြေစိုက်၊ သက္ကယ်မိုး၊ ဘလိယက်ခုံ အဆောက်အဦတွင် လူနေရန်အဖီချထားသော သက္ကယ်မိုး၊ ၀ါးထရံကာ၊ ၀ါးကြမ်းခင်း၏ ၀ါးထရံအမြင့် (၂)ပေခန့်အား မီးကူးစက်လောင်ကျွမ်းခဲ့ရာ တန်ဘိုး(၃၅၀၀ိ/-) ခန့် မီးလောင် ဆုံးရှုံးခဲ့သဖြင့် လျှပ်စစ်မီးအား ပေါ့ဆစွာအသုံးပြုသူ ဦးဆန်းအား ငဖဲမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video