၂၀၁၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများ နှင့် အတူ သွားရောက် စစ်ဆေးရာ မင်းဘူမြို့၊ အမှတ်(၄) ရပ်ကွက်နေ မစန်းသီတာ(၁၈)နှစ် သည် (၃)ပင် သက္ကယ်မိုး၊ ၀ါးထရံကာ၊ ၀ါးကြမ်းခင်း(၁၀)ပေ ပတ်လည် မြေစိုက်တဲထရံအနီးတွင် ယတြာ ပြုလုပ်ရန် အတွက် ဖယောင်တိုင်မီးထွန်းထားခဲ့ပြီး အပြင်သို့ ဈေးဝယ်သွားနေစဉ် ဖယောင်တိုင်မီးမှ တစ်ဆင့် ၀ါးထရံ၏ အလျား(၂)ပေ၊ အနံ(၁)ပေခန့်အား မီးကူးစက်လောင်ကျွမ်းခဲ့ရာ တန်ဘိုး (၅၀၀ိ/-) ခန့် ဆုံးရှုံးခဲ့ သဖြင့် မီးပေါ့ဆစွာသုံးစွဲသူ မစန်းသီတာအား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း(ပ)၃၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Monday, March 16, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment