Wednesday, March 11, 2015
2:26 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မင်းဘူး မတ် ၁၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များသို့ မီးသတ်ပစ္စည်းကရိယာများ
ပေးအပ်ပွဲအခမ်းအနားကို မတ်လ(၁၀)ရက်နေ့ ညနေ(၄)နာရီ အချိန်ကကျင်းပပြုလုပ်ရာ
အခမ်းအနားတွင် မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူး နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စာလှယ် ဦးမောင်မောင်တင်တို့မှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အတွင်းရှိ မြို့နယ်များမှ မီးသတ်
စခန်း တာဝန်ခံများထံသို့ မီးသတ်ပစ္စည်း ကရိယာများနှင့် မီးသတ်ဝတ်စုံများ ကို ပေးအပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မင်းဘူးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ၊မင်းဘူး၊ပွင့်ဖြူ၊စလင်း၊စေတုတ္တရာ၊ငဖဲမြို့နယ်များမှ မီးသတ်စခန်းတာဝန်ခံများနှင့် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သူရထွန်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment