ဆင်ပေါင်ဝဲ မတ်လ (၁၁)
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့၌ ၂၀၁၅-ခုနှစ် ၊တက္ကသိုလ်ဝင်စာမေးပွဲ
ဖြေဆိုနေချိန်အတွင်း မီးလန့်မူ၊ မီးလောင်မူ မဖြစ်စေရေး အတွက် မြို့နယ် မီးသတ်တပ်ဖွဲ့မှ စခန်းတာဝန်ခံ ဦးဝင်းမောင် ခေါင်းဆောင်သော သန္ဓေ မီးသတ် တပ်ဖွဲ့ ၀င်များ၊အရန်မီးသတ် တပ်ဖွဲ့ဝင်များ နှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် အမှတ်(၁ )၊(၂ )၊( ၃)၊ ရပ် ကွက်ရှိ လူနေအိမ်များ ၊ လုပ်ငန်းရှင်များ၊ ဘော်ဒါ ဆောင်များနှင့် ကျေးရွာအသီးသီးမှ စာမေးပွဲ လာရောက်ဖြေဆိုကြသော ကျောင်း သား/သူများ တည်းခိုရာ နေရာများ အား( ၆- ၃- ၂၀၁၅ )မှ( ၁၀- ၃ -၂၀၁၅ )ထိ တစ်အိမ်တက်ဆင်း စစ်ဆေးခြင်း စသည့် မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်း များ ဆောင်ရွက်ခဲ့ကြသည့် အတွက် ယနေ့တွင် မြိုနယ် စာစစ်ဌာန(၂)ခုရှိ တက္ကသိုလ် ၀င် စာမေးပွဲ ကျောင်းသား/သူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုလျှက် ရှိပြီး မြို့နယ်မီးသတ် တပ်ဖွဲ့ စခန်းတွင်လည်း မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ
နေ့စဉ် အလှည့်ကျ သွားရောက်၍ မီးဘေး လုံခြုံ ရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကြီးကြပ်လျှက် ရှိကြာင်း သတင်းရရှိသည်။
မျိုးမျိုး(ဆင်ပေါင်ဝဲ)
Wednesday, March 11, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment