Wednesday, March 11, 2015



မင်းဘူး     မတ်       ၁၀
    မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်တွင် မတ် ၉ ရက်နေ့က မင်းဘူး(စကု) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် မြို့နယ်စိုက်ပျိုးရေးညှိနှုင်းမှုအဖွဲ့ဝင်များမှ အိုင်းမ ဆည်ရေသောက် ရေဝေဒေသတွင် မြောင်းဦး၊ခွန်သာအုပ်စုအတွင်းရှိ နွေစပါးစိုက်ပျိုးမည့်တောင်သူ
များနှင့်နယ်ပေါက် တောင်သူများ စုစုပေါင်း(၁၁၇)ဦးတို့နှင့် တွေ့ဆုံပြီး၂၀၁၄-၂၀၁၅ခုနှစ်
 နွေစပါးလျာထားဧက ပြည့်မီစွာစိုက် ပျိုးနိုင်ရေးအတွက် ကွင်းဆင်းစည်းရုံးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
    အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးညီညီဝင်းမှ ၂၀၁၄-၂၀၁၅ခုနှစ် နွေစပါးလျာထား ဧက ပြည့်မီရေးအတွက် ကူညီပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စပါးသီးနှံသည် နိုင်ငံတော်၏အဓိက သီးနှံဖြစ်သောကြောင့် လျာထားချက်ပြည့်မီအောင် စိုက်ပျိုးသွားရေး
လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းမှ တစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် သိပ္ပံနည်းကျစိုက် ပျိုးနည်းစနစ်များနှင့်အညီ စိုက်ပျိုးရေး၊နွေစပါး မျိုးသန့်စံပြစိုက်ခင်းများထူထောင်၍ မျိုးသန့်ပွားများဆောင် ရွက်မည့်အစီအစဉ်များကိုလည်းကောင်း၊မြို့နယ်စက်မှုလယ်ယာဦးစီးမှူးဦိးမြင့်စိုးမှ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးတွင် စက်မှုလယ်ယာဦးစီးဌာန၏  လယ်ယာသုံးစက်ကိရိယာများ  ဖြန့်ဖြူးပေးမည့်အစီအစဉ်  ရိတ်သိမ်းခြွေလှေ့စက်များဖြင့် အငှားစနစ်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို လည်းကောင်း၊ဆည်မြောင်းဦးစီးအရာရှိ ဦးမြတ်ဇော်သိန်းမှ ၂၀၁၄-၂၀၁၅ခုနှစ် နွေစပါစိုက်ရာသီတွင်အိုင်းမဆည်ရေသောက်မှ
 နွေစပါး(၇၅၀)ဧကအတွက် စိုက်ပျိုးရေလုံလောက်စွာပေးနိုင်မည့် အစီိအစဉ် များရှိကြောင်း၊
 နွေစပါးလျာထားဧကပြည့်မီစွာ စိုက်ပျိုးရေးများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
    အခမ်းအနားတွင် မျိုးသန့်မျိုးပွားစိုက်ခင်းထူထောင်ရန်အတွက် နွေစပါးစိုက်ပျိုးရန် ဒေသနှင့် ကိုက်ညီသင့်တော်သည့် ရတနာတိုးမျိုးသန့်မျိုးပွားမျိုးစေ့(၃၀)ဧကစာအား မြောင်းဦးအုပ်စုတွင် (၁၅) ဧကစာနှင့်ခွန်သာအုပ်စုတွင် (၁၅)ဧကစာ အခမဲ့ပံ့ပိုးကူညီခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်း ထံမှ သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video