Wednesday, March 25, 2015

၂ဝ၁၅ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ ညနေ (၅း၂၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် မြိုင် မြို့နယ်၊ ရွာသစ်ဖျအုပ်စု၊ ထုံးမအရှေ့ကျေးရွာနေ ဦးအောင်တင်မြင့်၏သားဖြစ်သူ မြင့်မြတ်အောင် (၅)နှစ် သည် တစ်ရွာတည်းနေ အဘဖြစ်သူ ဦးဝင်း (၅၅)နှစ်၏ နေအိမ်သို့ရောက်ရှိပြီး လူကြီးများ မရှိခိုက် နေအိမ် အတွင်း၌ ဂက်စ်မီးခြစ်အား ဆော့ကစားရာမှ နေအိမ်ရှေ့ခန်းအား ကာရံထားသည့် ထန်းလက်များအား မီးစွဲလောင်ပြီး ဦးဝင်း၏ (၄x၄) ပင် ပတ်လည် ထန်းလက်မိုး၊ ထရံကာ နေအိမ်အပါအဝင် နေအိမ် ၂ လုံး၊ သွပ်မိုး၊ ထရံကာ မြေစိုက် နေအိမ်(၁၁)လုံး၊ စုစုပေါင်းနေအိမ်(၁၃)လုံးအား မီးကူးစက် လောင်ကျွမ်းခဲ့ရာ မြိုင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့် ရဲတပ်ဖွဲ့ဝင် ၁၂ဦး၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင် ၁၇ ဦး၊ မီးသတ် ယာဉ် ၅ စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ဝ ဦးနှင့် ရွာသူ/ သားများမှ ဝိုင်းဝန်း ငြိမ်းသတ်မှုကြောင့် ညနေ (၅း၄၅) အချိန်မီးငြိမ်းသွားခဲ့ကြောင်း သတင်းရရှိပါသည်။ 

မီးလောင်မှုကြောင့် စုစုပေါင်းတန်ဘိုး ၁,၂၅ဝ,ဝဝဝိ/- ဆုံးရှုံးကာ အိမ်ထောင်စု ၁၃ စုမှ ကျား ၂၇ ဦး၊ မ ၂၅ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သဖြင့် မြင့်မြတ်အောင်အား အရေးယူပေးပါရန် ၂၄.၃.၂ဝ၁၅ ရက်နေ့တွင် ထုံးမ အရှေ့ရွာ ဆယ်အိမ်စုမှူး ဦးပန်းစိန်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြိုင်မြို့နယ်၊ လင်းကတော နယ်မြေ ရဲစခန်း(ပ)၁၁/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video