Wednesday, March 25, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ နံနက် (၀၀း၂၅) အချိန် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက် မြို့နယ် ၊ ထိန်ကန်အုပ်စု၊ ထိန်ကန်ကျေးရွာနေ ဦးသန်းမောင်(၆၉)နှစ်၏ နေအိမ်မီးဖိုမီးကြွင်း မီးကျန်မှ တစ်ဆင့် ၎င်း၏ (၄)ပင်ပတ်လည် နှစ်ထပ်သွပ်မိုး/ထရံကာနေအိမ်အား စတင်မီးကူးစက် လောင်ကျွမ်း ရာမှ ကျေးရွာအတွင်းရှိ နေအိမ်(၄၂)လုံးအား ကူးစက်လောင်ကျွမ်းခဲ့ရာ ချောက်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့် ရဲတပ်ဖွဲ့ဝင် ၃ဝ ဦး၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ မီးသတ်ယာဉ် ၈ စီး၊ ရေသယ်ယာဉ် ၆ စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ဝ ဦးနှင့် ကျေးရွာသူ/ သားများမှ ဝိုင်းဝန်းငြိမ်းသတ် မှုကြောင့် နံနက် (ဝ၁း၁ဝ) အချိန် မီးညွန့်ကျိုး၍ (ဝ၁း၃ဝ) အချိန် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် စုစုပေါင်းတန်ဘိုး ၂,၂၁၆,ဝဝဝိ/- ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၄၂ စုမှ ကျား ၉ဝ ဦး၊ မ ၉ဝ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သဖြင့် မီးပေါ့ဆစွာအသုံးပြုသူ ဦးသန်းမောင်အား ချောက်မြို့နယ်၊ မြို့မရဲစခန်း (ပ) ၄၈/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။ 

မီးဘေးသင့်ပြည်သူများအား ထိန်ကန်ကျေးရွာ ဇိနမာန်အောင်ဘုန်းကြီးကျောင်းနှင့် ဆွေမျိုးများနေအိမ် တွင် နေရာချထားကြောင်းနှင့် ၎င်းတို့အား မကွေးခရိုင်ရဲတပ်ဖွဲ့မှူး အမှူးပြုသော ခရိုင်အတွင်းရှိ မြို့နယ်များမှ စုပေါင်း၍ မာမားခေါက်ဆွဲထုပ်နှင့် ရေသန့်ဗူးများ ပေးအပ်လှူဒါန်းခြင်း၊ မီးလောင်သည့် နေရာအား ရဲတပ်ဖွဲ့ ၀င်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများမှ ၀ိုင်းဝန်းပူးပေါင်း ရှင်းလင်း ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။






0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video