၂၀၁၅ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ နံနက် (၁၁) နာရီခွဲအချိန်တွင် မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဝရမ်းအမှတ် (၄/၂ဝ၁၅) ဖြင့် သက်သေ များနှင့် အတူ စလင်းမြို့နယ်၊ ကျွဲချောင်းကျေးရွာနေ မစန်းယုနိုင်(၃၇)နှစ်၏ နေအိမ်အား ဝင်ရောက် ရှာဖွေ ရာ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် ငွေစက္ကူရောရာ ၂၇၅ဝဝိ/-အား သိမ်းဆည်းရမိသဖြင့် လောင်းကစားပြုလုပ်သူ မစန်းယုခိုင်အား စလင်းမြို့နယ်၊ မြို့မ ရဲစခန်း (ပ) ၃၂/၂ဝ၁၅ ၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ လည်းကောင်း၊
၂၄.၃.၂ဝ၁၅ ရက်နေ့ နံနက် (၁ဝး၄၅) အချိန်ခန့်တွင် ရေနံချောင်းမြို့မရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များသည် မြို့နယ်ရဲတပ်ဖွဲ့မှူး၏လောင်းကစားဖမ်းဝရမ်းအမှတ် (၅/၂ဝ၁၅)ဖြင့် သက်သေများနှင့်အတူ ရေနံချောင်းမြို့၊ ဇီးပင်ကန်ရပ်နေ စိန်ဝင်း(၅၂)နှစ်၏နေအိမ်ဈေးဆိုင်အား ဝင်ရောက်ရှာဖွေရာ နှစ်လုံး ထီလောင်းကစား ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့် ငွေစက္ကူရောရာ ၃,ဝဝဝိ/-တို့အား သိမ်းဆည်းရမိ သဖြင့် လောင်းကစားပြုလုပ်သူ စိန်ဝင်းအား ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း(ပ) ၄၁/၂ဝ၁၅ ၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ လည်းကောင်း၊

၂၄.၃.၂ဝ၁၅ ရက်နေ့ ညနေ (၅း ၃၅) အချိန်ခန့်တွင် မြိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ်(၂/၂ဝ၁၅)ဖြင့် သက်သေများနှင့်အတူ မြိုင်မြို့၊ အမှတ် (၁)ရပ်ကွက်နေ ဒေါ်လှရီ(၆၂)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဒေါ်လှရီ၏နေအိမ် အိပ်ခန်း အတွင်း မှ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ ၊ လောင်းကြေးငွေ များ ရေးသား ထားသည့်စာအုပ်များအား တွေ့ရှိရသဖြင့် နှစ်လုံးထီလောင်းကစားပြုလုပ်သူ ဒေါ်လှရီအား မြိုင်မြို့နယ်၊ မြို့မရဲစခန်း(ပ)၂၂/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment