မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်း ရှိကျေးရွာများကို
မတ်လ ၆ ရက်နေ့က လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါကျေးရွာများသို့ မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာခင်နှင့်ဝန်ထမ်းများက မယ်ဇလီပင်အုပ်စု စမ်းကုန်းကျေးရွာနှင့် အုတ်ရှစ်မြှောင်ကျေးရွာ ပညာ့ဗိမာန်စာကြည့်တိုက်ကို စာအုပ်စာ စောင်တိုးပွားရေး ကျေးရွာရှိ စာပေဝါသနာရှင်လူငယ်များ စာပေဖတ်ရှုနိုင်ရေးနှင့်အဆောက်အဦးပျက်ဆီးမှုမရှိစေရန်ထိန်းသိမ်းနိုင်ရေးတို့ကို မြို့နယ်ဦးစီးမှူးမှ
ပြောကြား၍ ကျေးရွာစာကြည့်တိုက်မှူးနှင့် စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက်ခဲ့သည်။ ဆက်လက်၍ စမ်းကုန်းကျေးရွာ ကိုယ့်အားကိုယ်ကိုးစာကြည့် တိုက်ကိုသွားရောက်ကြည့်ရှူခဲ့ရာ အုတ်တက်၊သွပ်မိုး၊တမံသလင်းခင်းဖြစ်ပြီး အဆောက်အဦးမှာ အလျား ၂၆ ပေ၊ အနံ ၂၄ ပေ၊ အမြင့် ၁၂ ပေ၊မြေအကျယ်၅၀ ပေပတ်လည်ရှိပြီးစာကြည့်တိုက်ဖွင့်ပွဲပြုလုပ်နိုင်ရန် ကျေးရွာရှိစာပေဝါသနာရှင်များက
မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးအား ပြောကြားခဲ့ကြောင်း သိရသည်။

0 comments:
Post a Comment