မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မိုးရွာသွန်းမှုနည်းပါးခဲ့သဖြင့်
ဆည်ငယ်ကန်ငယ်နှင့် အစိုးရ ဆည်ကန်များတွင် သိုလှောင်စုဆောင်းရေ ပမာဏ လျော့နည်းခဲ့ရပြီး
စိုက်ပျိုးရေပေးဝေနိုင်မှုလျော့ နည်းခဲ့ရကြောင်းတွေ့ရှိရသည်။ ယခုနှစ်နွေရာသီတွင် ဒေသ၏အဓိကအားထားပြုရာ
ကျောက်တခါးတမံမှ နွေစပါးဧရိယာ ၁၅၀ ဧကအတွက်သာ ရေပေးဝေနိုင်ခဲ့ပြီး နတ်မောက်တမံမှ ဆည်ရေပေးဝေနိုင်မှု
မရှိခဲ့ကြောင်း၊ ဆည်ရေသောက် တောင်သူများအနေဖြင့် နွေစိုက်ခင်းရေ မရနိုင်တော့သဖြင့်
မိုးစပါးရိတ်သိမ်းပြီးသည့် စိုက်ခင်းများတွင် နွေဦး ထည်ရေးပြင်ဆင်ခြင်းနှင့်အတူ ကုလားပဲနှင့်
နေကြာသီးညှပ်များ အဓိကထား စိုက်ပျိုးနိုင်ခဲ့ပြီး၊ ဈေးကွက်ဝင် ဖူးစားပြောင်းနှင့်
စာဖိုဆောင်သီးနှံများ သီးနှံပုံစံပြောင်း လဲ စိုက်ပျိုးလာကြကြောင်း တောင်သူများအနေဖြင့်
သီးနှံဖြည့်စွက်ရေရရှိရေး၊ ရေတွင်း၊ အဝီစိပိုက်တွင်းများပိုမိုပူးပေါင်းဆောင်ရွက်လာကြကြောင်း
ရေရှားပါးသော်လည်း မြေမနားရတဲ့ စိုက်ပျိုးရေးကိုဆောင်ရွက် လျှက်ရှိကြောင်းတွေ့ရှိ ရသည်။
ယခုနှစ်တွင် ဇန်နဝါရီလအတွင်း ချိန်ခါမဟုတ် မိုးရွာသွန်းမှုသည် ရေရှားပါး စိုက်ခင်းတောင်သူများအတွက်
အလွန်အားကိုးအားထားရသည့် သီးနှံစိုက်ခင်း ဖြည့်စွက်ရေရရှိခဲ့ပြီး ဆောင်းကုလားပဲ စိုက်ခင်းများတစ်ဧကအထွက်နှုန်း
၁၆ တင်းမှ ၂၀ တင်းကျော်အထိ ရရှိခဲ့ကြောင်း ဒေသပေါက်ဈေး တစ်တင်းလျှင် ကျပ်နှစ်သောင်း
ဝန်းကျင်ရှိကြောင်း သိရသည်။ အဓိကအားဖြင့် တောင်သူတွေအနေနဲ့ ဒေသရေမြေနှင့် သင့်တော်သည့်
ဈေးကွက်ရှိတဲ့သီးနှံ စိုက်စနစ်ပုံစံများ ပြောင်းလဲခြင်း နှင့်အတူ နွေထယ်ရေးကြိုတင်ပြင်ဆင်မှုများ
ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်း ထံမှသိရသည်။
Monday, March 9, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment