> မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့နယ်တွင်အစေ့ထုတ်ပြောင်းများကိုမြို့ဈေးရှိစားသုံးသူများအပြင့်တိရစ္ဆာန်အစာစပ်လုပ်ငန်းများရန်ကုန်မန္တလေးနှင့်နယ်ဝယ်လက်များရှိလာသောကြောင့်ပြောင်းစိုက်တောင်သူများ
ဝင်ငွေပိုမိုတိုးပွားလျက်ရှိကြောင်းသိရှိရပြီးဘူးကျွန်းကျေးရွာနေပြောင်းစိုက်တောင်သူဦးအောင်ဝင်းမှလည်း''ကျွန်တော်ပြောင်းစိုက်ခဲ့တာကြာပါပြီဒီနှစ်ဆိုယခင်နှစ်တွေထက်ငွေပိုငွေလျံပိုရတယ်ထွက်သမျှပြောင်းအကုန်ရောင်းရတယ်ယခင်ထက်လဲဈေးပိုရတယ်ပြီးခဲ့တဲ့လကဆိုနတ်မောက်ကဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့်ပွဲရက်ကရှိသမျှပြောင်းအကုန်ကုန်ပဲအဲဒါက
သကြားပြောင်းပံပြောင်းတွေပေါ့ပြောင်းဖူးတစ်ဖူး ၁၀၀ကျပ်နှုန်းနဲ့ ပေါ့တစ်နေ့ပြောင်းဖူးပေါင်းလေးရာ
ငါးရာထိမှာကြတယ့်  အစေ့ထုတ်ပြောင်းအနေနဲ့ကတစ်တင်းကို ၆၀၀၀ကျပ်ကနေ၆၅၀၀ကျပ်ထိဈေးရတယ်
အခုလည်းပြောင်းကိုပဲထပ်စိုက်နေတယ် အရင်းနည်းနည်းနဲ့ အမြတ်များများရလိုဝင်ငွေတိုးတာပေါ့''ဟုပြောကြားခဲ့သည်။
0 comments:
Post a Comment