Monday, March 9, 2015



မကွေး     မတ်    
          မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် မတ် ၅ ရက်နံနက် ၇ နာရီက တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးအောင်နိုင်နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်နှင့်ဂန့်ဂေါခရိုင် ဆောမြို့နယ်တို့အား ဆက်သွယ်ဖောက် လုပ်ထာသော မင်းဘူး-ငဖဲ-စေတုတ္တရာ-လောင်းရှည်-ဆော ကားလမ်းအားကြည့်ရှုစစ်ဆေးခဲ့သည်။
          ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မင်းဘူး-ငဖဲ-စေတုတ္တရာ-လောင်းရှည်-ဆော ကားလမ်း ပေါ်ရှိ စွမ်းအားပြည့်ကုမ္ပဏီ ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီးအင်ဂျင်နီယာမှူးမှ လိုင်းအပိုင်းလိုက် ကုမ္ပဏီများ ဖောက်လုပ်နေမှု ၊ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ယခုနှစ်ဘဏ္ဍာရေးနှစ်တွင် အပြီးဆောင်ရွက် မည့်အခြေအနေ များကိုရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လဏ္ဍာရေးနှစ်အတွင်းအချိန်မီပြီးစီးရေး၊ လမ်းအရည်အသွေး ကောင်းမွန်ရေး၊အလေအလွင့်မရှိရေးတို့ကို ကုမ္ပဏီအလိုက် ကြပ်မတ်ဆောင်ရွက်ရေး၊ လုပ်ငန်းစစ်ဆေးရေး အဖွဲ့များမှ စစ်ဆေးရေးတို့အားမှာကြားပြီး လမ်းဆောင်ရွက်နေ မှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လောင်းရှည်ကျေးရွာသို့ ရောက်ရှိပြီး လောင်းရှည် တိုက်နယ် ဆေးရုံအားကြည့်ရှုစစ်ဆေးရာ တိုင်းကျန်းမာရေးဦးစီးမှူးနှင့် တိုက်နယ်တာဝန်ခံဆရာဝန်တို့မှ ဆေးရုံအတွင်း ခွဲစိတ်ခန်း၊ပြင်ပလူနာခန်း၊ဆေးရုံတက်လူနာခန်းတို့အား လှည့်လည်ပြသပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ်မှဆေးရုံနှင့်  ပတ်သက်သည့် လိုအပ်သည်များကိုမှာကြားကာ ဆေးရုံတက်လူနာများအား အားပေး၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ 
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆော-ကျောက်ထု-ပေါက်လမ်းအား ပြုပြင်ထိန်းသိမ်းရေး
 ဆောင်ရွက်ပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပခုက္ကူမြို့နယ် မြစ်ခြေတိုက်နယ်ဆေးရုံတွင် မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်းနှင့် တိုင်းဒေသကြီးကျန်းမာရေး ဦးစီးဌာနတို့စီစဉ်မှုဖြင့် ရန်ကုန်တိုင်း ဒေသကြီးပန်းဘဲတန်းမြို့နယ် မဟာသိမ်တော်ကြီး ပရိယတ္တိ စာသင်တိုက် တိုင်းသံဃနာယကအဖွဲ့ဝင် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဂုဏာလင်္ကာရ၏ လှူဒါန်းမှုဖြင့် ပခုက္ကူခရိုင်ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန် ဒေါက်တာတင်ထူးအောင်နှင့်အဖွဲ့မှ ပခုက္ကူမြို့နယ် မြစ်ခြေ၊ မြို့စိုး၊ ကျွန်းချောင်း၊ ကမ္မကျေးရွာအုပ်စုများမှ ရွာသူရွာသားများအား ခွဲစိပ်ကုသပေးနေမှုကို ကြည့်ရှုအားအေးကာ မျက်စိလာရောက်ခွဲစိပ်ကုသသော လူနာများနှင့်မိသားစုဝင်းအများအား ရင်းရင်းနှီးနှီး နှတ်ဆက်ခဲ့ကြောင်းသိရှိရသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video