မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့တွင် မတ် ၂၅ ရက် နံနက် ၉ နာရီကနှစ် ၇၀ ပြည့် တပ်မတော်နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ကံမမြို့ မြို့ရှောင်လမ်းကျောက်ချောလမ်းသစ်ဖွင့်ပွဲ
အခမ်းအနားကိုကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနေထက်ရှိန်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နှင့်မြို့နယ်အထောက် အကူပြုကော်မတီ ဥက္ကဌဦးဝင်းမြင့် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါလမ်းမှာ ၂.၄ ဖာလုံရှိ မြေနီကျောက်ချောလမ်းဖြစ်ပြီး၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ နိုင်ငံတော်ခွင့်ပြုငွေ ကျပ် ၂၁၃သိန်း ဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြို့ရှောင်လမ်းဖောက် လုပ်နိုင်ခဲ့သဖြင့် မြို့တွင်း ယာဉ်ကျောကျပ်သည့် အခက်အခဲများအားဖြေရှင်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရသိရသည်။
ကျော်ဇေယျဝင်း(iprd)

0 comments:
Post a Comment